top of page

တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံး

  • Writer: BVJ
    BVJ
  • Jun 30, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၃၀ ၊ ၂၀၂၅


တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် တပ်ရင်း ၃ တို့ အခုလအတွင်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက် ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။


အခုဇွန် ၁၆ ရက်က တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၅၆၁ ခြေမြန်တပ်ရင်း (ခမရ) အနီးမှာ စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် တပ်ရင်း ၃ တို့ ထိတွေ့တိုက်ပွဲ နှစ်နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအုပ်စု ချောင်းနှစ်ပေါက်ရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင်တပ်ရင်း ၃ တို့ အခု ဇွန် ၅ ရက်နေ့ နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့ပါသေးတယ်။


ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲ နှစ်ကြိမ်အတွင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မြိတ်ခရိုင် တပ်ရင်း ၃ ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအုပ်စုဝန်းကျင်မှာလည်း အခု ဇွန် ၂၈ ရက်နေ့အထိ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။


သိန်းခွန်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကော်သူးလေအာမီ (KTLA-tcjf) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၁ ၊ မြိတ်ခရိုင် တပ်ရင်း ၃ နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page