top of page

တော်လှန်ရေးတပ်ဖွဲ့တွေလုပ်မယ့်ရွှေမျောစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြသူတွေ ဖမ်းဆီးခံရမှုကနေမလွတ်မြောက်လာသေး

  • Writer: BVJ
    BVJ
  • Nov 13
  • 1 min read

မိုနာ/BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၅

လောင်းပြည့်ကျွန်းရွှေ‌မျောစီမံကိန်းရပ်တန့်ဖို့ ဆန္ဒပြနေပုံ(ဓါတ်ပုံ-CJ)
လောင်းပြည့်ကျွန်းရွှေ‌မျောစီမံကိန်းရပ်တန့်ဖို့ ဆန္ဒပြနေပုံ(ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေဦးစီးလုပ်ကိုင်မယ့် လောင်းပြည့်ကျွန်းရွှေ‌မျောစီမံကိန်းကို ဒေသခံတွေက အခုလ ၈ရက်မှာ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် အဲ့ဒီထဲကဦးဆောင်သူတချို့ကို ဒေသတွင်းPDFတွေက ဖမ်းဆီးထားပါတယ်။


ရွှေမျောတိုက်ဖို့ပြင်ဆင်နေတာကိုရပ်တန့်ဖို့နဲ့ ဒေသပကဖ၊ ပအဖတာဝန်ခံတွေကို တာဝန်ကနေရပ်နားဖို့ ဒေသခံတွေကန့်ကွက်ဆန့်ကျင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အောက်တိုဘာ ၂ရက်နဲ့ ၅ရက်နေ့တို့မှာလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် ဆက်လက်လုပ်ကိုင်နေတာကြောင့် အခုတတိယအကြိမ်အဖြစ် ထပ်မံဆန္ဒပြတာလို့ သိရပါတယ်။


အခုတခေါက်ဆန္ဒပြအပြီးမှာတော့ ဆန္ဒပြရာမှာဦး‌ဆောင်ပါဝင်သူတွေဆိုပြီး တိုက်နယ် ၂ ပကဖခေါင်းဆောင် ဦးဇော်ဝမ်း၊ တိုက်နယ် ၂ ပအဖခေါင်းဆောင် ဦးကျော်စိုးလင်း၊ အုန္နဲဘုတ်ကျေးရွာကကိုဉာဏ်လင်းတို့ဟာ သူတို့နေအိမ်တွေမှာ နိုဝင်ဘာ ၁၁ ရက်မနက်အစောပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။


“မေးစရာရှိလို့ဆိုပြီး သူတို့အိမ်တွေမှာဝင်ဖမ်းသွားတာ။ PDF ကလေး ခရိုင်တပ်ရင်း ၇နဲ့၁၀ ( မင်းကင်းမြို့နယ်တပ်ရင်း ၁နဲ့၄)က အင်အားတစ်ရာကျော်လောက်နဲ့ မနက်နှစ်နာရီလောက်မှာဝင်ဖမ်းသွားတာ။ အခုထိပြန်မလွတ်လာသေးဘူး။ ညှိနေတုန်းလို့ပြောတယ်။ အခုဆန္ဒပြပွဲမှာပါတဲ့တခြားသူတွေကလည်း သူတို့လည်းဖမ်းခံရမှာကြောက်နေကြတော့ ညဆိုကောင်းကောင်းမအိပ်ရဲကြဘူးဖြစ်နေတာ”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။

လောင်းပြည့်ကျွန်းရွှေ‌မျောစီမံကိန်းရပ်တန့်ဖို့ ဆန္ဒပြနေပုံ(ဓါတ်ပုံ-CJ)
လောင်းပြည့်ကျွန်းရွှေ‌မျောစီမံကိန်းရပ်တန့်ဖို့ ဆန္ဒပြနေပုံ(ဓါတ်ပုံ-CJ)

ဆန္ဒပြပွဲမှာပါဝင်သူတွေဟာ မင်းကင်းမြို့နယ် သင်တောကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာ၊ ဘင်ကျေးရွာ၊ကျောက်ခံတက်ရွာ၊ အနောက်တောကျေးရွာစတဲ့ရွာတွေက ဒေသခံတွေဖြစ်ကြပြီး အင်အားထောင်နဲ့ချီပါဝင်တယ်လို့ သိရပါတယ်။


ဒါနဲ့ပတ်သက်ပြီး ဖမ်းဆီးတယ်ဆိုတဲ့PDFတပ်ဖွဲ့တွေကို Burma VJက ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။


မင်းကင်းမြို့နယ် ပကဖတာဝန်ခံကတော့ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျွန်းရွှေမျောကို တော်လှန်ရေးရန်ပုံငွေအတွက်ဆိုပြီး တော်လှန်ရေးတပ်တချို့က NUGသယံဇာတဝန်ကြီးဆီစာတင်ကာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြေလတ်အသံသတင်းဌာနကိုဖြေထားတာတွေ့ရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page