top of page

မင်းတပ်ကဘော်ဒါဆောင်ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါ ၄ ဦးသေဆုံး

  • Writer: BVJ
    BVJ
  • Oct 9
  • 1 min read

BVJ/မိုနာ_ အောက်တိုဘာ ၉၊ ၂၀၂၅

မင်းတပ်တိုက်နယ်(၂)ရှိ ကျေးရွာနှစ်ရွာကို အောက်တိုဘာ ၈ရက်ဗုံးကြဲခံရပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-CDF-Mindat)
မင်းတပ်တိုက်နယ်(၂)ရှိ ကျေးရွာနှစ်ရွာကို အောက်တိုဘာ ၈ရက်ဗုံးကြဲခံရပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-CDF-Mindat)

မနေ့က အောက်တိုဘာ ၈ရက်ည ၇နာရီအချိန်ခန့်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကျောင်းသား ၃ဦးနဲ့ မသန်စွမ်းအမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့တယ်လို့ CDF-မင်းတပ်က ဒီနေ့နေ့လယ်မှာထုတ်ပြန်ပါတယ်။


ဂျက်ဖိုက်တာနှစ်စီးနဲ့ မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)ကျေးရွာရှိ ရွာ နှစ်ရွာကို ညပိုင်း ၆း၅၇/၆း၅၉/၇း၀၃ အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာဖြစ်ပြီး တိုက်ခိုက်ခံရမှုအတွင်း ကျေးရွာဘော်ဒါဆောင်မှာပညာသင်ကြားနေတဲ့ ကျောင်းသားတွေသေဆုံးခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။

မင်းတပ်တိုက်နယ်(၂)ရှိ ကျေးရွာနှစ်ရွာကို အောက်တိုဘာ ၈ရက်ဗုံးကြဲခံရပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-CDF-Mindat)
မင်းတပ်တိုက်နယ်(၂)ရှိ ကျေးရွာနှစ်ရွာကို အောက်တိုဘာ ၈ရက်ဗုံးကြဲခံရပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-CDF-Mindat)

ဒါ့အပြင် ၁၀ဦး‌ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင်တွေနဲ့ လူနေအိမ် ၆ လုံးလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ CDF-မင်းတပ်က သိရပါတယ်။




Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page