မင်းပြား၊မြို့သစ်ရပ်ကွက်ဗုံးကြဲခံရပြီး ၃ ဦးသေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရ
- BVJ

- Nov 10
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၇၊ ၂၀၂၅

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့ မြို့သစ်ရပ်ကွက်ကို ဒီကနေ့ညနေ ရှစ်နာရီကျော်လောက်မှာ စစ်အုပ်စုကလေကြောင်းကဗုံးကြဲခဲ့တာကြောင့် အရပ်သား၃ ဦးသေဆုံးပြီး ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
“ညနေ ၈နာရီကျော်လောက်မှာဂျက်နဲ့လာပစ်တာ ၃ဦးသေသွားတယ်လို့ကြားတယ်။ ဒဏ်ရာရတဲ့သူကည်း တဆယ်ကျော်လောက်ရှိတယ်ကြားပါတယ်”
အလားတူပဲ ဒီကနေ့မနက်ပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုတ် အောင်ဖြူပြင်နဲ့ ကွမ်းတောင်ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၅ ဦးသေဆုံးပြီးတော့ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။







Comments