top of page

စစ်မှုထမ်းအတွက် အသက်မပြည့်သေးသူတွေကိုပါစုဆောင်းနေကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဝန်ခံ

  • Writer: BVJ
    BVJ
  • Feb 27
  • 1 min read

ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆

စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး
စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး

ပြည်သူ့စစ်မှုထမ်းစုဆောင်းရေးအဖွဲ့အဆင့်ဆင့်က စစ်မှုထမ်းစုဆောင်းရာမှာ အသက်မပြည့်သေးသူတွေ၊ အသက်ကျော်လွန်နေသူတွေကိုပါ စုဆောင်းနေကြောင်းကို စစ်အုပ်စုရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဝန်ခံပြောဆိုလာပါတယ်။


အဲ့ဒီလို အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်နေသူတွေကို စစ်မှုထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းတွေကိုမပို့ဆောင်မီ စုရပ်တွေမှာစိစစ်ရာမှာတွေ့ရှိတဲ့တာကြောင့် ပြန်လည်စေလွှတ်ခဲ့ရတာတွေရှိတယ်လို့ မနေ့က ဖေဖော်ဝါရီ ၂၆ရက်မှာပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးကဆိုပါတယ်။


ဒါ့အပြင် စစ်မှုထမ်းဆင့်ခေါ်ရာမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ မြို့နယ်အဖွဲ့တွေအနေနဲ့ လူမှုဆက်ဆံရေးကောင်းမွန်စေရေး၊ ငွေကြေးဆိုင်ရာ မသမာမှုတွေမရှိစေရေးတို့ကိုစိစစ်ကြပ်မတ်ဖို့ လိုအပ်ကြောင်း၊ ရပ်ကွက်၊ကျေးရွာ၊မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုမမှန်သတင်းတွေနဲ့လည်းကောင်း၊ တစ်ဆင့်ကြားသိရတဲ့ သတင်းမှားတွေနဲ့လည်းကောင်း တိုင်ကြားမှုတွေရှိနေကြောင်းနဲ့ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆို ဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းတွေရှိပါက တိကျစွာဖော်ထုတ်အရေးယူသွားဖို့ လိုအပ်သလို မမှန်မကန်တိုင်ကြားသူတွေကိုလည်း အရေးယူခဲ့ရတာတွေရှိပြီး အရေးယူဖို့ဆောင်ရွက်နေဆဲအမှုတွေလည်းရှိတယ်လို့ စစ်အုပ်စုရဲ့စစ်မှုထမ်းဆင့ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။


ဒါ့အပြင် စစ်မှုထမ်းခေါ်ယူရာမှာလည်း ကင်းလွတ်ခွင့်၊လျှော့ပေါ့ခွင့်နဲ့ရွှေ့ဆိုင်းခွင့်တွေကို စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ရွှေ့ဆိုင်းခွင့်ပြုထားသူတွေကို မှတ်တမ်းရေးသွင်းပြီး ပြန်လည်ဆင့်ခေါ် ခေါ်ယူရမယ့်အချိန်မှည ရာနှုန်းပြည့်ခေါ်ယူနိုင်ရေးဆောင်ရွက်ရမယ်လို့ ညွှန်ကြားနေပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ မေလကစပြီး အရပ်သားပြည်သူတွေကို အပတ်စဉ်တခုမှာ အနည်းဆုံးလူဦးရေ ငါးထောင်နှုန်းနဲ့ စစ်မှုထမ်းသင်တန်းအတွက်စတင်ခေါ်ဆောင်ခဲ့ပြီး လက်ရှိမှာပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၂၂အထိရောက်ရှိလာပြီဖြစ်ပါတယ်။


အဲ့ဒီလိုစစ်မှုထမ်းတွေခေါ်ဆောင်ရာမှာလည်း အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှု၊ လမ်းမတွေပေါ် ပေါ်တာဆွဲဖမ်းဆီးမှု၊ အသက်မပြည့်သေးသူ ဆယ်ကျောက်သက်လူငယ်တွေ၊ လူကြီးတွေနဲ့ မသန်စွမ်းတွေအထိပါ ခေါ်ယူစုဆောင်းမှုတွေရှိနေသလို စစ်မှုထမ်းနဲ့ပတ်သက်ပြီးစုဆောင်းနေတဲ့ စစ်အုပ်စုလက်အောက်ခံအဖွဲ့အဆင့်ဆင့်က ငွေညှစ်ခြိမ်းခြောက်မှုတွေလည်း အများအပြားဖြစ်ပေါ်နေပေမယ့် အာဏာသိမ်းစစ်အုပ်စုက ဒီပေါ်ကိုထိထိရောက်ရောက်အပြစ်ပေးဆောင်ရွက်တာမျိုး မတွေ့ရပါဘူး။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page