top of page

PDFစိုးမိုးတဲ့ မတ္တရာ၊စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို စစ်ကောင်စီထိုးစစ်ဆင်နေ 

  • Writer: BVJ
    BVJ
  • Nov 10
  • 1 min read
  • ဒေသခံသောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ

----

မိုနာ/BVJ_နိုဝင်ဘာ ၁၀၊ ၂၀၂၅

ree

အာဏာသိမ်းစစ်အုပ်စုဟာ မန္တလေးPDFစိုးမိုးနယ်မြေဖြစ်တဲ့ မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် ခုခံကာကွယ်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFက ဒီနေ့ နိုဝင်ဘာ ၁၀ရက်မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။

 

စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ၂၈ရက်ကနေစတင်လုပ်မယ့် ရွေးကောက်ပွဲတွေအတွက် သာလွန်အင်အားအသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်စိုးမိုးနယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့သပိတ်ကျင်းမြို့နယ်တို့ဟာ ရွေးကောက်ပွဲလုပ်ဖို့လျာထားတဲ့စာရင်းထဲမှာပါဝင်ပါတယ်။

 

“ယခုအခါ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲများ ပိုမိုပြင်ထန်းလာနေကာ အဆိုပါဒေသတွင်းနေ ပြည်သူလူထုအနေဖြင့် တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်သည့် အခြေအနေများနှင့်ပက်သက်ပြီး ကြိုတင်ပြင်ဆင်ကြပါရန်နှင့် ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ လုပ်ဆောင်ထားကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်”လို့ မန္တလေးPDFက ပြောထားပါတယ်။

 

ree

စစ်အုပ်စုရဲ့လက်ရှိထိုးစစ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ပြီး  ပြည်သူ့တော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်းတိုင်ကိုရောက်တဲ့အထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမယ်လို့လည်း မန္တလေးPDFကအသိပေးပြောထားပါသေးတယ်။


လက်ရှိမှာ မတ္တရာ၊စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင်သောင်းနဲ့ချီရှိနေပြီး ဆန်၊ဆီစတဲ့စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page