မန္တလေးမြို့အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို PDFတွေသိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်ခဲယမ်းတွေပါ ရရှိခဲ့
- BVJ

- Jul 22
- 1 min read
စစ်သုံ့ပန်း ၁၆ဦး ဖမ်းမိ
BVJ/ ဂျိုး_ ဇူလိုင် ၂၁၊ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အတွင်းက ထန်းပင်ကုန်းကျေးရွာ၊သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က ဒီနေ့ညနေပိုင်းက ထုတ်ပြန်လာပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် သုံ့ပန်း(၁၆)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဆီက ဒရုန်းဂျမ်ဘာ ကားတစ်စီး ၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး အဲ့ဒီရရှိခဲ့တဲ့လက်နက်တွေဟာ တရုတ်ထုတ်လက်နက်ခဲယမ်းတွေဖြစ်နေတာကို ထုတ်ပြန်ထားတဲ့ပုံတွေအရ သိရပါတယ်။


အခုစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ်
ပကဖနဲ့ SSTFတပ်ဖွဲ့တို့ ပူးတွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ-တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရရှိခဲ့တဲ့လက်နက်များ။







Comments