စစ်ကောင်စီ သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ MDY_PDF တပ်ဖွဲ့ ထုတ်ပြန်
- BVJ

- Jul 21
- 1 min read
အေတီ/BVJ_ ဇူလိုင် ၂၁၊ ၂၀၂၅

စစ်သင်္ဘော(၅)စီးပါ စစ်ကောင်စီရဲ့သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ MDY_PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ သင်္ဘောအုပ်စုဟာ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တလျှောက် မြစ်ကြောင်းတလျှောက်မှာ ဆန်တက်နေတဲ့အချိန် ဇူလိုင်၁၇ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အကြောင်း ဇူလိုင်လ၂၀ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘော(၁)စီးနစ်မြှုပ်သွားခဲ့တဲ့အပြင် စစ်သ င်္ဘော(၁)စီးနဲ့ အခြားတွန်းသင်္ဘော(၂)စီး မီးလောင်ပျက်စီးမှုဖြစ်ခဲ့တယ်လို့ MDY_PDFတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
စစ်သင်္ဘောအုပ်စု မြစ်အထက်ပိုင်းဆန်တက်ရာ လမ်းကြောင်းတလျှောက် Y-12 လေယာဉ် ဂျက်ဖိုက်တာ၊ Mi-35 လေယာဥ်တွေစောင့်ရှောက်လိုက်ပါလာတဲ့အတွက် အကြိမ်ကြိမ်ဗုံးကြဲနေတဲ့ကြားက ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း MDY_PDF တပ်ဖွဲ့ကဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်းက ရှားကွဲရွာ၊ ငါးပတ်ချောင်းရွာနဲ့ ရေလည်မော်ရွာစတဲ့ ဧရာဝတီမြစ်ဘေးတလျှောက်က ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၂၀) ဦးခန့် သေဆုံးပြီး (၂၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network ကတဆင့် သိရပါတယ်။

စစ်ကောင်စီရဲ့သင်္ဘောတွေကို တိုက်ခိုက်ရာမှာ MDY-PDF ဘက်က အသုံးပြုခဲ့တဲ့ 82mm Type-78 recoilless rifle (နောက်ပွင့်ရိုင်ဖယ်)ဟာ စစ်ကောင်စီတပ်ဖွဲ့ဆီက သိမ်းဆည်းရမိတဲ့လက်နက်ဖြစ်တယ်လို့ လက်နက်အကြောင်းတွေကို အထူးပြုလေ့လာရေးသားနေတဲ့ Tatical Raptor 2.0ပေ့ချ်က လည်း အတည်ပြုထားပါတယ်။







Comments