စစ်အာဏာရှင်ဆန့်ကျင်သူ မေမြတ်နိုးရဲ့စင်္ကာပူပွဲ ပရိသတ်များပြားတာကြောင့် အချိန်နှစ်ပိုင်းခွဲကျင်းပခဲ့ရ
- BVJ

- Nov 17
- 1 min read
ဂျီဘီ/BVJ_နိုဝင်ဘာ ၁၆၊၂၀၂၅

“လမ်းချင်းတူလို့ လူချင်းတွေ့တယ်”ဆိုတဲ့စကားရပ်အတိုင်းပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေတဲ့ အနုပညာရှင်မေမြတ်နိုးရဲ့ ပထမဆုံးအကြိမ် စင်္ကာပူ Fan Meetingပွဲဟာ တက်ရောက်သူပရိသတ်အင်အားများပြားခဲ့တာကြောင့် အချိန်နှစ်ပိုင်းခွဲ ကျင်းပပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
မေမြတ်နိုးဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တွန်းလှန်တဲ့ တော်လှန်ရေး အနုပညာရှင်တွေထဲကတစ်ဦးဖြစ်ပြီး ယူကေ(UK)နိုင်ငံမှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပြင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေပွဲတွေမှာလည်း တက်ကြွစွာကူညီပံ့ပိုးလုပ်ဆောင်ပေးနေသူဖြစ်ပါတယ်။
တော်လှန်ရေးကာလအတွင်း မေမြတ်နိုးရဲ့ရပ်တည်ချက်နဲ့ဘဝဖြတ်သန်းမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ “စကားလုံးတခု”အမည်ရှိ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတိုကို Burma VJ YouTube Channelမှာ မကြာသေးမီကတင်ဆက်ပြသထားပါတယ်။







Comments