ထော်သာရွာပျူစခန်းတိုက်ပွဲအတွင်း ခေါင်းဆောင်အပါအဝင် စစ်သုံ့ပန်းနှစ်ရာနီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေဖမ်းမိ
- BVJ

- Aug 22
- 1 min read
BVJ/ ဂျိုး_ဩဂုတ် ၂၁၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်အတွင်းကစစ်ကောင်စီတပ်သားတွေ အခြေချနေထိုင်တဲ့ ထော်သာရွာပျူစောထီးစခန်းကို တော်လှန်ရေးအင်အားစုတွေက အခုလ ၁၅ရက်မှာတိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး ပျူစောထီးနဲ့ မိသားစုဝင် ၁၉၀ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ အမှတ်-၁-စစ်ဒေသက မနေ့က ထုတ်ပြန်ထားပါတယ်။
အခုသိမ်းပိုက်ထားတဲ့ ထော်သာရွာပျူစောထီးစခန်းကို မော်လိုက်မြို့နယ်ပျူခေါင်းဆောင် အဲပန်ဦးစီးပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေထိုင်ကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်း ၃လောင်းနဲ့ ၉ဦးဒဏ်ရာရပြီး ၂၀လောက်ကလည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း ၆၀ မမပြောင်း၊ RPGအပါအဝင် လက်နက် ၂၃လက်၊ ခဲယမ်းတချို့နဲ့ ငွေကျပ်သိန်း ၁၅၀ကျော် သိမ်းဆည်းရခဲ့တယ်လို့လည်း အမှတ်-၁-စစ်ဒေသက ထုတ်ပြန်ထားတာပါ။

အဲဒီထော်သာရွာစခန်းကို မော်လိုက်ခရိုင်တပ်ရင်း(၂,၄)နဲ့ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်း တပ်ဖွဲ့ တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့လည်းဗုံးကြဲခဲ့တယ်လို့ အမှတ်-၁စစ်ဒေသက သိရပါတယ်။
ပုံစာ- တိုက်ပွဲအတွင်းသိမ်းစည်းရမိတဲ့ လက်နက်ခဲယမ်းများနဲ့ စစ်သုံ့ပန်းများ
ဓာတ်ပုံ- အမှတ်-၁ စစ်ဒေသ







Comments