top of page

မြန်မာ-ထိုင်းနယ်စပ်မြို့ မောတောင်ကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်

  • Writer: BVJ
    BVJ
  • Nov 14
  • 1 min read

မိုနာ/BVJ_နိုဝင်ဘာ ၁၄၊ ၂၀၂၅

ဓါတ်ပုံ-BPLA
ဓါတ်ပုံ-BPLA

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်းအတွင်းက မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနဲ့ပူးပေါင်းတပ်တွေက ဒီနေ့မနက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးဆီက သိရပါတယ်။


“ဒီနေ့မနက်ကပဲ ရဲစခန်းတခုလုံးသိမ်းပြီးပြီ။ လက်နက်တွေလည်းအများကြီးရတယ်။ ထိုင်းဘက်ကိုထွက်ပြေးသွားတဲ့ စစ်သားတွေလည်းအများကြီး”

အဲ့ဒီစခန်းသိမ်းပိုက်မှုအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အလံဖြူထောင်ပြီး ထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့လည်း ပြောပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLAကွပ်ကဲရေးမှူးမောင်ဆောင်းခကလည်း”ဘားပလက်က နယ်မရွေးဘူး”ဆိုပြီး မောင်တောင်စခန်းသိမ်းဓါတ်ပုံတွေကို သူ့ရဲ့လူမှုကွန်ရက်မှာ အခုနေ့လယ်က ဖော်ပြလာပါတယ်။

ဓါတ်ပုံ-BPLA
ဓါတ်ပုံ-BPLA

အခုလ ၁၂ရက်စတင်ပြီး KNLAတပ်မဟာ ၄ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့က စစ်အုပ်စုရဲ့ အမှတ် ၂၂၄ ခြေလျင်တပ်ရင်း (ခလရ-၂၂၄)အခြေစိုက်တဲ့ မောတောင်မြို့က နယ်စပ်ဗျူဟာစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်မှာသိမ်းပိုက်နိုင်ခဲ့တာပါ။


နှစ်ဘက်တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်ဘက်ကို ဒေသခံတွေ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


လက်ရှိမှာတော့ မောတောင်သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး KNUဘက်ကအသိပေးထုတ်ပြန်လာတာမရှိသေးပေမယ့် အခုလ ၁၂ရက်ထုတ်ပြန်ချက်မှာတော့ နိုဝင်ဘာလ(၁၀)ရက်နေ့ကစပြီး မောတောင်နယ်စပ်ရှိ စစ်အုပ်စုစခန်းကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page