တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ၆၃မြို့နယ်ကို ကာလုံကအရေးပေါ်အခြေအနေကြေညာ
- BVJ

- Aug 1
- 1 min read
အေတီ/BVJ_ ဇူလိုင် ၃၁၊ ၂၀၂၅

ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက တိုင်းနှင့်ပြည်နယ်(၉)ခုရှိ မြို့နယ် (၆၃) မြို့နယ်ကို ဇူလိုင်၃၁ရက်မှာ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ ၆၃မြို့နယ်လုံးနီးပါးဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
ကချင်ပြည်န ယ်က ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန် ၊ ဆော့လော် နဲ့ ချီဖွေမြို့နယ် ၅ခုလုံးဟာ ကချင်လွတ် လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်၁၄မြို့နဲ့ ရှမ်းပြည်နယ်ထဲက ၁၅မြို့နယ်ဟာလည်း အာရက္ခတပ်တော် (AA)၊ TNLA နဲ့ ကိုးကန့် MNDAAတပ်တွေကထိန်းချုပ်ထားပါတယ်။

ကယားပြည်နယ်ထဲက ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်နဲ့ မယ်စဲ့မြို့နယ်တွေဟာလည်း တော်လှန်ရေးတပ် တွေထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ ထိုင်းနယ်စပ်မြို့ မယ်စဲ့မြို့နယ်တစ်ခုလုံးဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလကတည်း ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပါတယ်။
အရေးပေါ်ကြေညာတဲ့ထဲပါတဲ့ စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့ နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့ နယ်၊ အင်းတော်မြို့နယ်၊ မကွေးတိုင်းက ပေါက်မြို့ နယ်၊ မြိုင်မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းရှိ မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့ဟာလည်း တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်ပါတယ်။
ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်တို့ဟာလည်း တော်လှန်ရေးတပ်တွေထိန်းချုပ်ထားပါတယ်။

လက်နက်ကိုင်အကြမ်းဖက်သောင်းကြမ်းမှု ချုပ်ငြိမ်းစေရန်နဲ့ နယ်မြေဒေသတည် ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်(၆၃)မြို့နယ်ကို အရေးပေါ် အခြေအနေကြေညာတာဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဒီနေ့ ဇူလိုင်လ (၃၁)ရက်မှာ အမိန့် ထုတ်ပြန်လိုက်တာပါ။
အမိန့်ထုတ်ပြန်မှုဟာ အမိန့်ထုတ်ပြန်တဲ့ ဒီနေ့ကစပြီး ရက်ပေါင်း(၉၀)အထိ အတည်ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။







Comments