မန်ချက်စတာမြို့ဂျူးဘုရားရှစ်ခိုးကျောင်း တိုက်ခိုက်တဲ့သူနာမည် ရဲတပ်ဖွဲ့ထုတ်ပြော
- BVJ

- Oct 3
- 1 min read
BVJ_အောက်တိုဘာ ၂၊ ၂၀၂၅

မန်ချက်စတာမြို့က ဂျူးဘုရားရှစ်ခိုးကျောင်းကို တိုက်ခိုက်ခဲ့တဲ့သူနာမည်က အသက်၃၅နှစ် ဆီးရီးယားနွယ်ဖွားဗြိတိန်နိုင်ငံသား ဂျီဟာ့ဒ် အယ်လ်ရှာမီ ဆိုသူဖြစ်ကြောင်း ယူကေရဲတပ်ဖွဲ့ကပြီးခဲ့တဲ့နာရီပိုင်းက ထုတ်ပြောပါတယ်။
ဒီနေ့မနက် ၉နာရီမိနစ်၄၀မှာ ရဲတပ်ဖွဲ့ကသူ့ကို အဲ့ဒီဂျူးဘုရားရှစ်ခိုးကျောင်းဝင်းထဲမှာတင် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်သမားဟာ ဂျူးဘုရားရှစ်ခိုးကျောင်းဝင်းထဲက လူအုပ်ထဲကားနဲ့ဝင်တိုက်ပြီးနောက် ဓါးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လူနှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ရဲတပ်ဖွဲ့ကသတ်မှတ်ထားပြီး တိုက်ခိုက်မှုနဲ့ပတ်သက်တယ်လို့ယူဆတဲ့ အသက်၃၀ကျော်အမျိုးသားနှစ်ဦးနဲ့ အသက်၆၀ကျော်အမျိုးသမီးကို ဖမ်းဆီးထားတယ်လို့ ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် ဒီနေ့မနက်၉နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားကိုယ်ပေါ် မှာဗုံးတွေတပ်ဆင်လာပေမယ့် ပေါက်ကွဲမှုမဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
ဒီနေ့ဟာ ဂျူးဘာသာရေးမှာအမြင့်မြတ်ဆုံး Yom Kippurနေ့ဖြစ်တဲ့အတွက် ဂျူးဘာသာဝင်တွေ ဘုရားရှစ်ခိုးကျောင်းကို အများဆုံးလာတဲ့နေ့ဖြစ်ပါတယ်။ တိုက်ခိုက်သူက ဒီနေ့ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့အပြောအရသိရပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးနာရီပိုင်းအတွင်းမှာ ထိပ်သီးဆွေးနွေးပွဲတစ်ခုတက်ဖို့ ဒိန်းမတ်နိုင်ငံကိုရောက်ရှိနေတဲ့ ယူကေဝန်ကြီးချုပ်ကီယာစတမ်မာက လန်ဒန်ကိုချက်ခြင်းပြန်လာပြီး အရေးအပေါ်အစည်းအဝေးတစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ်။
Ref: BBC







Comments