top of page

မီဒီယာရန်ပုံငွေ ထိန်းချုပ်‌ပေးတဲ့ထရမ့်ကိုအထူးကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင် ထုတ်ပြော

  • Writer: BVJ
    BVJ
  • Jul 17
  • 1 min read

BVJ/ယူဂရင်း_ ဇူလိုင် ၁၁၊ ၂၀၂၅

ree

သတင်းဌာနတွေနဲ့ရန်ပုံငွေစနစ်တွေကို ထိန်းချုပ်ပေးခြင်းအတွက် အထူးကျေးဇူးတင်ရှိကြောင်းနဲ့ မမှန်မကန်ရေးသားတာတွေကြောင့် မြန်မာနိုင်ငံကိုအရေးယူပိတ်ဆို့မှုတွေချမှတ်ခံခဲ့ရတာဖြစ်တယ် လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြောလိုက်ပါတယ်။


မြန်မာ-အမေရိကန်နှစ်နိုင်ငံ အခွန်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဆီပို့တဲ့အကြောင်းကြားစာမှာ စစ်ခေါင်းဆောင်ကထည့်သွင်းရေးသားထားတာပါ။


အကြောင်းကြားစာထဲမှာ ပဋိပက္ခတွေတိုးပွားစေတဲ့ သတင်းဌာနတွေနဲ့ရန်ပုံငွေစနစ်ကို ထိန်းချုပ်ပေးခြင်းအတွက်လို့ ရေးသားထားပြီး မမှန်မကန်သတင်းအချက်အလက်တွေကိုသာ တဖက်သတ်ထုတ်လွှင့်ခဲ့တာတွေကြောင့် မြန်မာနိုင်ငံပကတိအခြေအနေမှန်တွေကို နိုင်ငံတကာက မသိဘဲ သတင်းမှားတွေကိုအခြေခံကာ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုတွေချမှတ်ခံရတာ ဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံအကျိုးစီးပွားကို ရှေ့ရှုပြီးစီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ အထူးမေတ္တာရပ်ခံထားပါသေးတယ်။


အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့်တက်လာပြီးနောက်ပိုင်း USAGMလို့ခေါ်တဲ့ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာသတင်းအေဂျင်စီကို အခုနှစ် မတ်လအတွင်းမှာ ရန်ပုံငွေအများစုလျှော့ချခဲ့တာကြောင့် VOA၊ RFA Burmeseတို့လို သတင်းဌာနတွေရပ်ဆိုင်းသွားရပြီး လွတ်လပ်တဲ့သတင်းမီဒီယာတွေလည်း ရန်ပုံငွေအခက်အခဲရင်ဆိုင်ခဲ့ရပါတယ်။


ဒါ့အပြင် စစ်ကောင်စီရဲ့အမေရိကန်သမ္မတဆီကို အကြောင်းကြားစာထဲမှာ ကနဦးအနေနဲ့မြန်မာကနေ အမေရိကန်ကိုတင်ပို့တဲ့ ပို့ကုန်တွေအပေါ် အခွန် (၁၀) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းနဲ့ အမေရိကန်ကနေ မြန်မာကိုသွင်းကုန်တွေအပေါ် သုညရာခိုင်နှုန်းကနေ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံပေးသွားဖို့ အဆိုပြုညှိနှိုင်းခဲ့ပြီး လိုအပ်ရင်မြန်မာနိုင်ငံက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ အမြန်စေလွှတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းလိုတယ်လို့ ဖော်ပြပါတယ်။


အမေရိကန်ကိုတင်ပို့မယ့် မြန်မာပို့ကုန်တွေအတွက် အခွန်နှုန်းထားအသစ်ကို လာမယ့် ဩဂုတ် ၁ ရက်ကစ ကောက်ခံတော့မှာဖြစ်ကြောင်း အမေရိန်ကန်သမ္မတ ထရမ့်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို အခုလ ၇ ရက်က အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် စ်ခေါင်းဆောင်က အခုလိုစာပြန်ပို့ခဲ့တာပါ။


ဓါတ်ပုံ-CINCDS


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page