top of page

Standard Armyဖြစ်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုဆက်ကျင့်သုံးမယ်လို့ အာဏာသိမ်းသမ္မတပြော

  • Writer: BVJ
    BVJ
  • Jul 31
  • 1 min read

မိုနာ/BVJ_ဇူလိုင် ၃၁၊ ၂၀၂၆

အာဏာသိမ်းသမ္မတ ရက် ၁၀၀ ပြည့်မိန့်ခွန်းပြောနေပုံ
အာဏာသိမ်းသမ္မတ ရက် ၁၀၀ ပြည့်မိန့်ခွန်းပြောနေပုံ

နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်လို့ တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် Standard Armyတစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပြီး တိုက်စွမ်းအားရှိဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေရရှိအောင် အစိုးရကမူဝါဒတွေချမှတ်ကာဆက်ဖြည့်ဆည်းသွားမယ်လို့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ကပြောပါတယ်။

"နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့လုံခြုံရေးစွမ်းပကားရရှိစေဖို့အတွက် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီ ၁၀ ရက်မှာအသက်သွင်းခဲ့ကာအာဏာတည်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော်ကျင့်သုံးသွားမှာဖြစ်ပါတယ်"လို့ ဒီနေ့ ဇူလိုင် ၃၁ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အာဏာသိမ်းအစိုးရရဲ့ ရက် ၁၀၀ ပြည့်မိန့်ခွန်းပြောရာမှာ အာဏာသိမ်းသမ္မတက ထည့်သွင်းပြောလာတာပါ။

နိုင်ငံတော် လုံခြုံရေးနဲ့ကာကွယ်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရေးအတွက် တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမှာဖြစ်ပြီး တိုက်စွမ်းရည်ရှိတဲ့တပ်မတော်တခုဖြစ်လာစေဖို့ လေ့လာ၊လေ့ကျင့်၊လိုက်နာဆိုတဲ့လုပ်ငန်းစဉ်နဲ့အညီ တပ်မတော်ကအမြဲမပြတ်ကြိုးစားလေ့ကျင့်နေကြရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့မှာတာဝန်ရှိပေမယ့် နိုင်ငံရဲ့အခြေအနေအရ တပ်မတော်က ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေရတာဖြစ်တယ်လို့ အာဏာသိမ်းသမ္မတက ပြောပါတယ်။

စစ်မှုထမ်းအပါတ်စဉ်(၂)တက်ရောက်မယ့်သူများကို စစ်အုပ်စုထုတ်ပြန်ထားပုံ
စစ်မှုထမ်းအပါတ်စဉ်(၂)တက်ရောက်မယ့်သူများကို စစ်အုပ်စုထုတ်ပြန်ထားပုံ

အာဏာသိမ်းပြီးနောက် နယ်မြေတွေလက်လွှတ်နေရတဲ့စစ်အုပ်စုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ခိုက်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက် အပါတ်စဉ်တစ်ခုကို လူဦးရေ အနည်းဆုံးငါးထောင်ခေါ်ယူခဲ့ပြီး လူမပြည့်မီတာတွေကြောင့် ရန်ကုန်၊မန္တလေးအပါအဝင် တနိုင်ငံလုံးမှာပေါ်တာဆွဲ ဖမ်းဆီးတာတွေ၊ အိမ်ပေါ်တက်ဖမ်းတာတွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ မသန်စွမ်းသူတွေကိုပါ ဖမ်းဆီးတာတွေတောက်လျောက်လုပ်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်းဟာ အပါတ်စဉ် ၂၆ထိရောက်ရှိလာပြီဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page