top of page

ခရီးသွားတွေကိုဆွဲဆောင်ဖို့ဆိုပြီး ဂုတ်ထိပ်မှာ ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းတွေပြေးဆွဲဖို့ စစ်ခေါင်းဆောင် ညွှန်ကြားနေ

  • Writer: BVJ
    BVJ
  • Oct 3
  • 1 min read

Updated: Oct 5

ယူဂရင်း/BVJ_ အောက်တိုဘာ ၃၊ ၂၀၂၅


<script async src="https://pagead2.googlesyndication.com/pagead/js/adsbygoogle.js?client=ca-pub-9796128014248343"

crossorigin="anonymous"></script>

ပျက်ဆီးသွားတဲ့ဂုတ်ထိပ်တံတားကိုပြင်ဆင်နေကြောင်း စစ်ကောင်စီဖော်ပြထားပုံ(ဓါတ်ပုံ-MOI)
ပျက်ဆီးသွားတဲ့ဂုတ်ထိပ်တံတားကိုပြင်ဆင်နေကြောင်း စစ်ကောင်စီဖော်ပြထားပုံ(ဓါတ်ပုံ-MOI)

 

တအာင်းတပ်မတော်-TNLAကထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က အခုလ ၁ရက်နေ့မှာအပြည့်အဝပြန်လည်ထိန်းချုပ်ပြီးလို့ကြေညာပြီးနောက်မှာ ပြင်ဦးလွင်ဘူတာကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သွားခဲ့ပါတယ်။

 

ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်းပိုင်းပြန်လည်ပြေးဆွဲနိုင်ရေးနဲ့ ဂုတ်ထိပ်တံတားပြင်ဆင်နေတာတွေကို သွားကြည့်တာလို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ ဒီနေ့မှာဖော်ပြပါတယ်။

 

စစ်ခေါင်းဆောင်က ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်းမှာ ပြည်တွင်း၊ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းတွေ အသုံးပြုပြေးဆွဲနိုင်‌အောင်လုပ်ဖို့နဲ့ သီတင်းကျွတ်ကာလမှာ ရန်ကုန်-နေပြည်တော်-မန္တလေး လူစီးရထားတွေ ထပ်မံတိုးချဲ့ပြေးဆွဲသွားဖို့လိုတယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။

 

ဒါ့အပြင် ဂုတ်ထိပ်တံတားပြင်ဆင်ရေးနဲ့လုံခြုံရေးကိုစနစ်တကျလုပ်ဖို့ကိုလည်း စစ်ခေါင်းဆောင်က မှာနေပါသေးတယ်။

 

နှစ်ပေါင်း၁၂၅နှစ်သက်တမ်းရှိတဲ့ ကမ္ဘာကျော် သမိုင်းဝင်ဂုတ်ထိပ်တံတားဟာ TNLAနဲ့စစ်ကောင်စီတပ် နှစ်ဖက်တိုက်ပွဲအတွင်းမှာပျက်ဆီးသွားတာဖြစ်ပြီး ဒီပျက်ဆီးမှုနဲ့ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲထားကြပါတယ်။

 

လက်ရှိမှာတော့ စစ်အုပ်စုဘက်ကပြင်ဆင်နေတာ ၅၉ရာခိုင်နှုန်းကျော်ပြီးစီးနေပြီလို့ ကြေညာထားပါတယ်။

 

စစ်ကောင်စီက TNLAထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့တို့ကို ဝေဟင် မြေပြင်စစ်ကြောင်းတွေနဲ့ အပြင်းအထန်တိုက်ခိုက်ပြီး ပြန်လည်ထိန်းချုပ်ပြီးနောက်မှာ လက်ရှိမှာ သီပေါ၊နမ္မတူ၊ မန်တုံတို့ကို လေကြောင်းတိုက်ခိုက်မှုနေ့စဉ်ပြုလုပ်နေပါတယ်။

 

ပုံစာ-ပျက်ဆီးသွားတဲ့ဂုတ်ထိပ်တံတားကိုပြင်ဆင်နေကြောင်း စစ်ကောင်စီဖော်ပြထားပုံ(ဓါတ်ပုံ-MOI)

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page