top of page

ရွေးကောက်ပွဲအပေါ်ကြီးမားတဲ့ကန့်ကွက်မှုမရှိခဲ့တာကြောင့် အောင်မြင်တယ်လို့ စစ်ခေါင်းဆောင်ပြော

  • Writer: BVJ
    BVJ
  • Feb 26
  • 1 min read

ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆

ထိုင်းဘုရင့်တပ်မတော်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ခေါင်းဆောင် ဖေဖော်ဝါရီ ၂၅ရက်က တွေ့ဆုံခဲ့ပုံ။(ဓါတ်ပုံ-MOI)
ထိုင်းဘုရင့်တပ်မတော်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ခေါင်းဆောင် ဖေဖော်ဝါရီ ၂၅ရက်က တွေ့ဆုံခဲ့ပုံ။(ဓါတ်ပုံ-MOI)

စစ်အုပ်စုကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အခုချိန်ထိ ကြီးမားတဲ့ကန့်ကွက်မှုတွေမရှိခဲ့တာကြောင့် အောင်မြင်ခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က ဖေဖော်ဝါရီ ၂၅ရက်က နေပြည်တော်မှာတွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။


ရွေးကောက်ပွဲသုံးပိုင်းလုံးမှာ ပြည်သူတွေကအားတက်သရောမဲပေးခဲ့ကြောင်းနဲ့ မကြာမီကာလမှ လွှတ်တော်ကျင်းပတော့မယ်လို့ စစ်ခေါင်းဆောင်ကပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအစိုးရတွေ ဘယ်လိုပဲပြောင်းလဲပစေ တပ်မတော်ကမပြောင်းလဲဘူးလို့လည်း စစ်အုပ်စုပြောပါတယ်။


အဲ့ဒီဆွေးနွေးပွဲမှာ ထိုင်းနဲ့မြန်မာနှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်တိုးမြှင့်မယ်လို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်အုပ်စုဘက်ကထိန်းချုပ်သတင်းစာတွေမှာဖော်ပြထားပါတယ်။


ရွေးကောက်ပွဲ သုံးပိုင်းကျင်းပခဲ့တဲ့စစ်အုပ်စုဟာ အခုလ ဖေဖော်ဝါရီ ၂၃ရက်ညမှာ လွှတ်တော်သုံးရပ်ရဲ့ အစည်းအဝေးပြုလုပ်မယ့်ရက်တွေကို စစ်အုပ်စုရဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)ကနေ ထုတ်ပြန်ကြေညာလာပါတယ်။


အဲ့ဒီကြေညာချက်အရ လာမယ့်မတ်လ ၁၆ရက်မှာ ပြည်သူ့လွှတ်တော်ကိုစတင်ကျင်းပမှာဖြစ်ပြီး မတ်လ ၁၈ရက်မှာအမျိုးသားလွှတ်တော်၊ မတ်လ ၂၀ရက်မှာ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေ စတင်ကျင်းပမှာဖြစ်ပါတယ်။


စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ကြံ့ခိုင်ရေးပါတီ-USDPကကိုယ်စားလှယ်အများဆုံးအနိုင်ရထားတာဖြစ်ပြီး သမ္မတရွေးချယ်ရေးအတွက် အခရာကျတဲ့ လွှတ်တော်တွေခေါ်ယူပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုတဲ့သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page