top of page

မကွေးက ကာကွယ်ရေးပစ္စည်းစက်ရုံ တိုက်ခိုက်ခံရ

  • Writer: BVJ
    BVJ
  • Apr 23
  • 1 min read

အယ်နာ/BVJ_ ဧပြီ ၂၃၊ ၂၀၂၆

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာအခြေစိုက်ထားတဲ့ စစ်အုပ်စုရဲ့ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၄)ကို ချင်းကာကွယ်ရေးတပ်အရှို ( CDF – Asho)နဲ့ လူ့ဘောင်သစ်တပ်မတော်-NSAတို့ကပူးပေါင်းပြီး အခုလ ဧပြီ ၂၀ရက်မှာ ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် စစ်အုပ်စုအရာရှိတစ်ဦးအပါအဝင် နှစ် ဦးသေဆုံးခဲ့တယ်လို့ CDF – Ashoကထုတ်ပြန်ထားပါတယ်။


နေ့လယ်နှစ်နာရီမှာ ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ထုတ်လုပ်ရေးစက်ရုံနေရာတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်ကနှစ်ဦးသေဆုံးတာအပြင် ၁၃ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF Ashoရဲ့ ဧပြီ ၂၂ ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


တိုက်ခိုက်မှုကြောင့် ကပစ ၁၄ရဲ့အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ရှော့တိုက်ဒုံး‌တွေနဲ့တိုက်ခိုက်မှုကြောင့် ထွက်ပြေး‌သွားတဲ့စစ်အုပ်စုတပ်ဖွဲ့‌ဝင်တွေကိုလည်း စစ်အုပ်စုက အချင်းချင်း ပြန်ဖမ်းနေတယ်လို့လည်းဆိုပါတယ်။


CDF – Ashoတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ "ရဲဘော်တွေအထိခိုက်အကျအဆုံးကတော့ ‌ဒီရှော့တိုက်ဒုံးနဲ့သွားပစ်တာမှာတော့မရှိပါဘူး။ တပ်စတင်ဖွဲ့စည်းချိန်ကနေစရင်တော့ ဒဏ်ရာရ ထိခိုက်တဲ့ရဲဘော်တွေရှိပါတယ်။လူ့ဘောင်သစ်တပ်မတော်နဲ့ တိုက်ပွဲဝင်တာကတော့ အခုက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၅ကတည်းကတိုက်ခိုက်ခဲ့သလို ၂၀၂၆ ထဲမှာလည်း ၂ကြိမ် ၃ ကြိမ်လောက်ရှိပါပြီ။ ဆက်လက်ပြီး ပူးပေါင်းဖို့လည်းရှိတယ်"လို့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး BVJ ကိုပြောပါတယ်။


ဒါ့အပြင်စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရအရေအတွက်ကိုတော့ တပ်တွင်းကဖရဲသီးဆီကနေတဆင့် အတည်ပြုနိုင်ခဲ့တာလို့ပြောပါတယ်။


CDF-Ashoကို ၂၀၂၃၊ ဇန်နဝါရီ ၂၁ ရက်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖွဲ့စည်းချိန်ကစလို့ မကွေးတိုင်းဒသကြီး၊ငဖဲမြို့နယ်မှာ စစ်ရေးလှုပ်ရှားတွေပြုလုပ်နေတာဖြစ်ပါတယ်။

Video- ငဖဲမြို့နယ်အခြေစိုက်ကပစ - ၁၄ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေပုံ။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page