နှစ်ဘက်အပြန်အလှန်ထိုးစစ်တွေနဲ့ နတ်ရေကန်တိုက်ပွဲပြင်းထန်နေ
- BVJ

- 2 days ago
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၂၂၊ ၂၀၂၅

အာရက္ခတပ်တော်-AAဘက်က သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းကားလမ်းမ ရခိုင်ရိုးမတောင်ပေါ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းမှာ နှစ်ဘက်အပြန်အလှန်ထိုးစစ်တွေနဲ့တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
နတ်ရေကန်ဗျူးဟာကုန်းအပြင်ဘက်မှာရှိတဲ့ ကာကင်းစခန်းတွေအားလုံးကို AAဘက်ကသိမ်း ပိုက်ထားပေမယ့် ဗျူဟာကုန်းကိုတော့ လက်ရှိအချိန်ထိမသိမ်းနိုင်သေးသလို အပြန်အလှန်ထိုးစစ်တွေနဲ့ တိုက်ပွဲတွေနေ့တိုင်းပြင်းထန်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
“တိုက်ပွဲကတော့ စကစဘက်က ထိုးစစ်ဆင်လိုက်၊ ကျနော်တို့ဘက်က ထိုးစစ်ဆင်လိုက်နဲ့ နေ့တိုင်းပြင်းထန်နေတယ်။ စစ်ကောင်စီဘက်က အင်အားတွေလည်း ထပ်ဖြည့်နေတယ်။ အကျအဆုံးလည်းများတယ်”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
AAရဲ့ အခုလ ၁၇ရက်ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူတွေနဲ့ စစ်ကူတွေအဆက်မပြတ်ပေးပို့နေတဲ့ကြားက AAတပ်ဖွဲ့ဝင်တွေအနေနဲ့ အကောင်းဆုံးတုံပြန်ခံစစ်တွေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့AA နှစ်ဖက်လုံးအတွက် စစ်ရေးအချက်အချာကျတဲ့ နတ်ရေကန်ဗျူဟာကုန်းကို AAနဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး ကိုးလနီးပါးကြာပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။







Comments