top of page

ပွဲစားကိုငွေသိန်းဆယ်ချီပေးပြီး ထိုင်းမှာအလုပ်လုပ်ဖို့လာတဲ့ မြန်မာလူငယ် ၂၇ယောက် ချင်းမိုင်ဘူတာမှာဖမ်းဆီးခံလိုက်ရ

Writer: BVJ
BVJ
3 days ago
1 min read

ယူဂရင်း/BVJ_အောက်တိုဘာ ၂၀၊ ၂၀၂၆

ချင်းမိုင်ဘူတာမှာ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးခဲ့ကြောင်း မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပုံ။
ချင်းမိုင်ဘူတာမှာ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးခဲ့ကြောင်း မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပုံ။

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာအလုပ်လုပ်ရဖို့အတွက် ပွဲစားဆီငွေပေးပြီး ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတဲ့ မြန်မာလူငယ် ၂၇ယောက်ပါအဖွဲ့ကို ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ မီးရထားဘူတာမှာ ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။


ချင်းမိုင်၊မဲ့ပင်းရဲစခန်း(Mae Ping)ကရဲတပ်ဖွဲ့ဝင်တွေဟာ Wat Ket Subdistrict ရှိ ချင်းမိုင်မီးရထားဘူတာရဲ့ ရထားစင်္ကြံတွေကို ရာဇဝတ်မှုကာကွယ်တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးစီမံချက်နဲ့ မနေ့က အောက်တိုဘာ ၁၉ရက်မနက်ပိုင်းမှာ ရှောင်တခင်ဝင်ရောက်ရှာဖွေစစ်ဆေးရာကနေ လူ ၃၅ယောက်ကိုဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။


အဲ့ဒီ ၃၅ယောက်ထဲမှာ မြန်မာနိုင်ငံသား ၂၇ယောက်နဲ့ တရုတ်နိုင်ငံသား ၂ယောက်ပါဝင်ပြီး သူတို့ဟာ ထိုင်းနိုင်ငံထဲကိုခွင့်ပြုချက်မရှိဘဲနေထိုင်မှုသံသယနဲ့ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ဝင်ရောက်ဖို့ကူညီပေးတဲ့ ထိုင်းနိုင်ငံသား ၄ယောက်ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပါတယ်။

ချင်းမိုင်ဘူတာမှာ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးခဲ့ကြောင်း မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပုံ။
ချင်းမိုင်ဘူတာမှာ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးခဲ့ကြောင်း မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပုံ။
အခုဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂၇ယောက်ထဲမှာ အမျိုးသမီးလူငယ်တွေလည်းပါဝင်ပြီး သူတို့အားလုံးဟာ ဘန်ကောက်-မဟာချိုင်-ချွန်ဘူရီဘက်မှာအလုပ်လုပ်ရဖို့အတွက် ပွဲစားကို ငွေကျပ် သိန်း၃၀-၃၅သိန်းအထိပေးကာ ထိုင်းနိုင်ငံတွင်းကိုဝင်ရောက်လာသူတွေဖြစ်ကြောင်းနဲ့ ဘန်ကောက်-မဟာချိုင်-ချွန်ဘူရီကိုထွက်ဖို့ ချင်းမိုင်ဘူတာမှာစောင့်ဆိုင်းနေချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဖမ်းဆီးခံလိုက်ရသူတွေကိုကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ချင်းမိုင်ဘူတာမှာ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးခဲ့ကြောင်း မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပုံ။
ချင်းမိုင်ဘူတာမှာ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးခဲ့ကြောင်း မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပုံ။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာသလို အသက်၁၈နှစ်ကနေ ၃၅နှစ်အတွင်းလူငယ်အားလုံး မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီး စစ်အုပ်စုဘက်ကပေါ်တာဆွဲဖမ်းဆီးနေတာတွေကြောင့်လည်း လူငယ်အများစုဟာ ပြည်ပကိုရရာနည်းလမ်းနဲ့ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိလာပါတယ်။


ထိုင်းနိုင်ငံထဲ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထောင်ချခံရသူတွေကိုလည်း ထိုင်းအစိုးရက အာဏာသိမ်းအစိုးရနဲ့ဆက်သွယ်ကာ ကော့သောင်းကနေတဆင့် မြန်မာပြည်ပြန်ပို့နေတာဖြစ်ပြီး ပြန်ပို့ခံရသူတွေထဲကတချို့ဟာလည်း စစ်တပ်ရဲ့စစ်မှုထမ်းစုဆောင်းခံရသူတွေထဲပါသွားတာတွေရှိနေတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေကပြောထားကြပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page