မတ္တရာမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု ဒေသခံ ၆ ဦးသေဆုံး
- BVJ

- Sep 17
- 1 min read
BVJ/ဇော်_စက်တင်ဘာ ၁၆၊ ၂၀၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့တယ်လို့ Watlet Informational Network ကတဆင့် သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီနဲ့ ၁ နာရီခွဲကြားမှာ မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်း ဒီယာရွာနဲ့ဥက္ကံရွာအနီးကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဒီယာရွာက ပြည်သူ(၃)ဦးနဲ့ ဥက္ကံရွာက ပြည်သူ(၃)ဦး သေဆုံးခဲ့တဲ့အပြင် ပြည်သူ(၁)ဦးထိခိုက်ဒဏ်ရာ (လက်ပြတ်)ရရှိခဲ့တယ်လို့ သိရပါတယ်။
"သေဆုံးခဲ့တာ အကုန်လုံး အမျိုးသားတွေပါ။ ကလေးငယ်တစ်ဦးပါတယ်။ ဥက္ကံမှာသေတဲ့သူတွေက အခြေအနေတော်တော်ဆိုးတယ်။ဆိုင်ကယ်စီးရင်းမှန်တာလို့သိရပါတယ်။ ပေါင် ၅၀၀ဗုံးကြီးနဲ့ တိုက်ခိုက်သလို ပေါင် ၃၀၀ ဗုံးလည်းပါတယ်။ ဖုန်းလိုင်းက ပြတ်တောက်နေလို့ ကွဲကွဲပြားပြားတော့ မသိရသေးဘူး”လို့ Watlet Informational Network တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ သရက်တပင် ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို စစ်ကောင် စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးသေဆုံးခဲ့ပြီး (၂၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။







Comments