AAထိန်းချုပ်ထားတဲ့ အမ်းမြို့ က စာသင်ကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်
- BVJ

- Jul 4
- 1 min read
BVJ/ဂျိုး _ ဇူလိုင် ၄ ၊ ၂၀၂၅

ဒီကနေ့ နေ့လည်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ အမ်းမြို့ ပေါ် ပျဉ်းတောရပ်ကွက်ကအတွင်းက စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတို က်ခိုက်ခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီ ဒေသခံတဦးက “စစ်ကောင်စီက စာသင်ကျောင်းကို ဗုံးနှစ်လုံး ကြဲချခဲ့တယ်။ အရပ်သားထိခိုက်သေဆုံးတာတွေတော့ မသိရသေးဘူး”လို့ BVJ ကိုအတည်ပြုပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတဆောင်လုံးပြိုပျက်ခဲ့ရသလို အနီးအနားမှာရှိတဲ့နေ အိမ် တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။အာရက္ခတပ်တော် AAထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေကို စစ်ကောင်စီက လေ ကြောင်းပစ်ခတ်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေ ဆုံးဒဏ်ရာ ရတာတွေလည်းရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ကလည်း ကျောက်တော်မြို့ပေါ်ကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီလေ ကြောင်း ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ တာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြနဲ့ စစ်တွေ မြို့နယ်တွေ မှာ နှစ်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေတာလည်းဖြစ်ပါတယ်။







Comments