top of page

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ

  • Writer: BVJ
    BVJ
  • Jun 27
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၂၇ ၊ ၂၀၂၅

ree

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မင်းဒပ်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးက ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။


သက်ရက်ချောင်းမြို့နယ် မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNLA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ခွဲ ၂ နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ ဇွန် ၂၆ ရက် နေ့လည် ၁ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၃ နာရီဝန်းကျင်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထားဝယ်-မြိတ်ကားလမ်းမဘေးမှာရှိတဲ့ စစ်ကောင်စီ ဝင်းဝတပ်စခန်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန် မင်းဒပ်ကျေးရွာကို စစ်ကောင်စီ ဝင်းဝတပ်စခန်းကနေ လက်နက်ကြီးပစ်ကူပေးခဲ့ပါသေးတယ်။


ထားဝယ်-မြိတ်ကားလမ်းနံဘေး မင်းဒပ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် ကျေးရွာအတွင်း အထိုင်ချတပ်စွဲနေခဲ့တာကြောင့် အခု ဇွန်လ ၁၁ ရက်နေ့ကလည်း KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ မင်းဒပ်ရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာချိန်ကတည်းက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်တိမ်းနေခဲ့ရတယ်လို့လည်း Karen Information Center ကလည်း ဖော်ပြထားပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page