လန်ဒန်၊မြန်မာသံရုံးမှာ မနက်ဖြန်လုပ်မယ့် 'Open Dialogue' ဆွေးနွေးပွဲပျက်
- BVJ

- May 14
- 1 min read
BVJ_မေ ၁၃၊ ၂၀၂၆

မနက်ဖြန် မေလ ၁၄ ရက်နေ့မှာ လန်ဒန်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံမြန်မာသံရုံးမှာပြုလုပ်မယ့် 'Open Dialogue' ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းလိုက်ပြီလို့သိရပါတယ်။ အစီအစဉ်ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် စစ်အုပ်စုမြန်မာသံရုံးဘက်ကတောင်းပန်ထားပြီး ရက်စွဲအသစ်ကို နောက်မှထပ်မံအသိပေးမယ်လို့ ပြောပါတယ်။
"နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေ" "Technical circumstances"ကြောင့် ဆွေးနွေးပွဲရွှေ့ဆိုင်းလိုက်ရတာလို့ စစ်အုပ်စုဘက်ကအကြောင်းပြပေမယ့် သူတို့အဖွဲ့ဆန္ဒလာပြမှာကြောက်လို့ ဖျက်သိမ်းလိုက်ရတာဖြစ်နိုင်ကြောင်း Stars of Myanmar Friendshipအဖွဲ့ ခေါင်းဆောင် မဂျူလီခိုင်ကသုံးသပ်ပါတယ်။
စစ်အုပ်စုကဘက်က ဆွေးနွေးပွဲရုတ်သိမ်းဖျက်လိုက်ပေမယ့် Burma Campaign Ukအဖွဲ့နဲ့ Stars of Myanmar Friendshipအဖွဲ့တို့ အရင်ကစီစဥ်ထားတဲ့အတိုင်း ဆန္ဒပြသွားမှာဖြစ်ပြီး၊ ဆန္ဒပြပွဲကို မနက်ဖြန်နေ့လည် ၁နာရီကနေ ၂နာရီအထိကျင်းပသွားမယ်လို့သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုက အတုအယောင်လွှတ်တော်၊ အတုအယောင်အစိုးရအဖွဲ့တို့ကိုဖွဲစည်းပြီးနောက် လန်ဒန်မြန်မာသံရုံးမှာလုပ်မယ့် 'Open Dialogue' ဆွေးနွေးပွဲဟာ နိုင်ငံတကာအသိအမှတ်ပြုရဖို့ ပဏာမခြေလှမ်း တစ်ခုဖြစ်တဲ့အတွက် ဆန့်ကျင်ကန့်ကွက်ကြဖို့ BCUK နဲ့ SMFCအဖွဲ့က တိုက်တွန်းထားပါတယ်။




Comments