top of page

စစ်ကောင်စီစစ်ကြောင်းထိုးတိုက်ခိုက်လာတာကြောင့်လွိုင်ကော် - ဒီးမော့ဆို -ဖရူဆိုလမ်းမကြီးကို KNDF ပိတ်

  • Writer: BVJ
    BVJ
  • Aug 11
  • 1 min read

BVJ/ ဂျိုး_ဩဂုတ် ၁၀၊ ၂၀၂၅

ဓာတ်ပုံ- KNDF
ဓာတ်ပုံ- KNDF

ကရင်နီပြည်၊လွိုင်ကော်- ဒီးမော့ဆို - ဖရူဆို လမ်းမကြီးဖြတ်သန်းသွားလာခွင့်ကို ဒီနေ့ ဩဂုတ်လ ၁၀ရက်ကစပြီးတော့ ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့- KNDFက ဒီနေ့ထုတ်ပြန်ပါတယ်။


ဒီရက်ပိုင်းအတွင်းမှာပဲစစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့အတွင်းကိုစစ်‌ကြောင်းထိုး လှုပ်ရှားမှုတွေရှိလာတာကြောင့် စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတာပါ။


ဒါ့အပြင် ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်တွေကလည်း ဒီးမော့ဆို-ဖရူဆို လမ်းတလျှောက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် လမ်းပိတ်လိုက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


အာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လက်လွှတ်ဆုံးရှုံးထားရတဲ့နယ်မြေတွေကိုပြန်ရရှိရေးအတွက် မြေမြင်ထိုးစစ်ဆင်တာတွေနဲ့ လေကြောင်းဗုံးကြဲလက်နက်ကြီးပစ်ခတ်တာတွေကို တိုင်းနဲ့ပြည်နယ်အနှံ့မှာ နေ့တိုင်းလိုလိုတိုးမြှင့်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page