လွှတ်တော်ဆုံးဖြတ်ချက် အသုံးမဝင်ဟု စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးပြော
- BVJ

- 5 hours ago
- 1 min read
BVJ_ဇူလိုင် ၂၂၊ ၂၀၂၆
"ကျမတို့ ဘန်ကောက်မှာမြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတုန်းက ဒီကိစ္စကိုဆွေးနွေးခဲ့ပါတယ်။ ဘုံသဘောတူညီချက် (၅)ရပ်ကဆက်လက်တည်ရှိနေပြီး လွှတ်တော်ကဆုံးဖြတ်ချက်တွေဆိုတာလည်း အသုံးမဝင်တော့ဘူးလို့ သူ(စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေ)ကပြောပါတယ်။ ဆိုလိုတာက ဘုံသဘောတူညီချက် (၅)ရပ်ဟာအသက်ဝင်နေဆဲလို့ သူတို့ကခံယူထားတာပါ"
စစ်အုပ်စုလွှတ်တော်ကနေ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပယ်ဖျက်ရေးဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေရဲ့ ပြာကြားချက်နဲ့ပတ်သက်ပြီး လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မာရီယာထရီဇာ လာဇရို (Theresa Lazaro)က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် မာထရီဇာ လာဇယိုဟာ (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (AMM) Retreat Session နဲ့ Pasay မြို့ရှိ Philippine International Convention Center (PICC) မှာ ကျင်းပတဲ့ ဘုံသဘောတူညီချက် (၅) ရပ်အကောင်အထည်ဖော်မှုဆိုင်ရာ တိုးချဲ့အလွတ်သဘောဆွေးနွေးပွဲအပြီး ဇူလိုင် ၂၁ရက်မှာ မီဒီယာတွေကမေးမြန်းတာတွေကိုဖြေကြားခဲ့တာဖြစ်ပါတယ်။
အာဆီယံဘုံသဘောတူညီချက် (၅)ချက်အပေါ် ကန့်ကွက်တဲ့အဆိုကို ကြံ့ခိုင်ရေးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က စစ်အုပ်စုလွှတ်တော်မှာတင်သွင်းခဲ့တာဖြစ်ပြီး အဲ့ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၂ယောက်ကထောက်ခံဆွေးနွေးပြီးနောက်မှာ လွှတ်တော်ကအတည်ပြုကြောင်း ဇူလိုင် ၉ ရက်မှာဆုံးဖြတ်ခဲ့တာပါ။
ဒါပေမယ့် အခုတော့ စစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်ကဆုံးဖြတ်ချက်ဟာအသက်မဝင်ဘူးဆိုပြီး အာဆီယံဝန်ကြီးတွေကိုပြောနေတာဖြစ်ပါတယ်။




Comments