top of page

ကမ္ဘာ့အသေအပျောက်အများဆုံး ရေခဲမြစ်ဘေးအန္တရာယ်များ

  • Writer: BVJ
    BVJ
  • 4 hours ago
  • 2 min read

သူရ/BVJ

၂၀၂၆၊ ဩဂုတ်လ ၂၆ ရက်နေ့က နီပေါနိုင်ငံ၊ Langtang တောင်ကြားမှာ ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုတွေ ဖြစ်ပေါ်စေခဲ့ဖွယ်ရှိတဲ့ ပြိုကျနေတဲ့ ရေခဲမြစ်တွေကို ဂြိုဟ်တုကတဆင့်တွေ့ရစဥ်
၂၀၂၆၊ ဩဂုတ်လ ၂၆ ရက်နေ့က နီပေါနိုင်ငံ၊ Langtang တောင်ကြားမှာ ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုတွေ ဖြစ်ပေါ်စေခဲ့ဖွယ်ရှိတဲ့ ပြိုကျနေတဲ့ ရေခဲမြစ်တွေကို ဂြိုဟ်တုကတဆင့်တွေ့ရစဥ်

နီပေါနဲ့တိဘက်နယ်စပ် ဟိမဝန္တာဒေသမှာ ဗုဒ္ဓဟူးနေ့ကရေခဲမြစ်ပြိုကျမှုကြောင့် အလွန်ကြီးမားတဲ့ ရေကြီးရေလျှံမှုရုတ်တရက်ဖြစ်ပေါခဲ့ပြီး အနည်းဆုံး လူ ၃၈၉ ဦးသေဆုံးခဲ့ကာ တာဝန်ရှိသူတွေကလည်း ထိခိုက်သေဆုံးသူအရေအတွက်ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။


သမိုင်းတလျှောက် အသေအပျောက်အများဆုံး ရေခဲမြစ်ဘေးအန္တရာယ်အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


• ၁၉၄၁ — ဟွာရာ့ဇ်၊ ပီရူး

ပီရူးနိုင်ငံမြောက်ပိုင်း အန်ဒီးစ် တောင်တန်းအမြင့်ပိုင်းမှာရှိတဲ့ ဟွာရာ့ဇ်မြို့ရဲ့ သုံးပုံတစ်ပုံဟာ ရေခဲမြစ်ပြိုကျပေါက်ကွဲပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရပြီး ခန့်မှန်းခြေ လူ ၅,၀၀၀ သေဆုံးခဲ့ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက်မှာ အဆိုးဝါးဆုံး ရေခဲမြစ်ပြိုကျမှု ဘေးအန္တရာယ်တွေထဲက တစ်ခုဖြစ်ပါတယ်။


• ၁၉၆၂ — ရန်ရာဟိရ်ကာ၊ ပီရူး

ပီရူးနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဟာစကာရန် (Huascarán) တောင်ထိပ်ကနေ ဧရာမ ရေခဲတုံးကြီးတစ်ခု ကျိုးကျပြိုထွက်လာခဲ့ပြီး ကျောက်တုံး၊ ရေခဲနဲ့ နှင်း ကုဗမီတာ ၁၀ သန်းဟာ တောင်စောင်းအတိုင်း ခုနစ်မိနစ်အတွင်းမှာတင် ပြိုဆင်းလာခဲ့ပါတယ်။ အဲဒီမြေပြိုမှု ကြောင့် ရန်ရာဟိရ်ကာ ရွာနဲ့ အနီးနားက ရပ်ရွာအချို့ဟာ ရွှံ့ညွန်နဲ့ အပျက်အစီးတွေအောက် ၁၂ မီတာ အနက်အထိ ဖုံးလွှမ်းခံခဲ့ရပြီး လူ ၄,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။


• ၁၉၇၀ — ယွန်ဂေး၊ ပီရူး

ရစ်ချ်တာစကေး ၇ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခုကြောင့် ဟာစကာရန်တောင်ရဲ့ မြောက်ဘက် အခြမ်း ယိုင်နဲ့သွားခဲ့ပြီး သမိုင်းတစ်လျှောက် အသေအပျောက် အများဆုံး ရေခဲမြစ်ဆိုင်ရာ ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ရေခဲမြစ် ရေခဲထုနဲ့ ကျောက်တုံးတွေဟာ တစ်နာရီကို ကီလိုမီတာ ၃၃၅ (မိုင် ၂၀၈) အထိ အလွန်ပြင်းထန်တဲ့နှုန်းနဲ့ ယွန်ဂေးနဲ့ ရန်ရာဟိရ်ကာ မြို့တွေဆီကို ဝင်ရောက်လာပြီး ရွှံ့ညွန်တွေအောက်မှာ မြုပ်သွားစေခဲ့ပါတယ်။ အဲဒီ ရေခဲနဲ့ ကျောက်တုံးပြိုဆင်းမှုကြောင့် လူ ၂၅,၀၀၀ ခန့် သေဆုံးခဲ့ရပြီး ငလျင်ကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၅၀,၀၀۰ ကျော်အထိ ရှိခဲ့ပါတယ်။


• ၁၉၈၁ — စီရန်မာကို၊ တိဘက်

တရုတ်-နီပေါ နယ်စပ်ကနေ ၁၄ ကီလိုမီတာအကွာမှာရှိတဲ့ ရေခဲကန် စီရန်မာကို (Cirenma Co) ထဲကို တွဲလောင်းကျနေတဲ့ ရေခဲထုကြီးတစ်ခု ပြိုကျဝင်ရောက်ခဲ့တာကြောင့် ရေလှိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ရေကာတာကို ကျော်လွန်စီးဆင်းသွားခဲ့ပါတယ်။ အဲဒီရိုက်ခတ်မှုကြောင့် ရေ၊ ရေခဲနဲ့ အပျက်အစီး ကုဗမီတာ သန်း ၂၀ နီးပါးဟာ နီပေါနိုင်ငံထဲကို အဟုန်ပြင်းစွာ ဝင်ရော က်လာခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် နီပေါနိုင်ငံမှာ လူ ၂၀၀ ခန့် သေဆုံးခဲ့ရပြီး တံတားတွေ၊ လမ်းတွေ၊ ရေအားလျှပ်စစ်စက်ရုံနဲ့ အခြား အခြေခံအဆောက်အအုံတွေအတွက် ဒေါ်လာ ၄ သန်းအထိ ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။


• ၂၀၂၁ — ချာမိုလီ၊ အိန္ဒိယ

အိန္ဒိယနိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးတောင်ဖြစ်တဲ့ နန္ဒာ ဒေဝီ (Nanda Devi) အနီးက ရွန်တီတောင်ထိပ် (Ronti Peak) ရဲ့ ရေခဲအပိုင်းအစ အကြီးစားတစ်ခု ပြိုကျခဲ့တာကြောင့် ကျောက်တုံးတွေ၊ ဖုန်မှုန့်တွေနဲ့ ရေခဲတွေဟာ တောင်ကြားအတိုင်း ၁,၅၀၀ မီတာ အောက်ဘက်ကို ပြင်းထန်စွာ စီးဆင်းလာခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတ္တရာခန် (Uttarakhand) ပြည်နယ်မှာ ကြီးမားတဲ့ ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးကာ၊ ရွာတွေ ပျက်စီးခဲ့ရပြီး ရေအားလျှပ်စစ်စီမံကိန်း နှစ်ခုလည်း မျောပါသွားခဲ့ပါတယ်။


• ၂၀၂၆ — နီပေါ-တိဘက် နယ်စပ်

ဟိမဝန္တာ ရေခဲမြစ်ရဲ့ အောက်ဘက်အပိုင်း ပြိုကျပြီး တောင်ကြားမြေပြင်ပေါ်ကို ပြိုဆင်းလာခဲ့တဲ့ နောက် နီပေါနဲ့ တိဘက်တစ်ခွင်မှာ လူ ၁,၀၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ အဲဒီနောက် တောင်တန်းနယ်စပ်တွေတစ်လျှောက်က လန်ဒီခိုလာ (Lhende Khola) မြစ်ကြောင်းအတိုင်း ရေခဲနဲ့ ကျောက်တုံးတွေ ပြိုဆင်းလာခဲ့ပါတယ်။ ရွှံ့နွံပြိုကျမှုကြီးဟာ တိဘက်ဘက်က ဂီရောင်း (Gyirong) ဆိပ်ကမ်းဆီကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နီပေါဘက်ကိုပါ ဆက်လက်စီးဆင်းလာခဲ့ကာ အမြန်နှုန်းမြင့် ရေကြီးရေလျှံမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး လမ်းမကြီးတွေနဲ့ လျှပ်စစ်ဓာတ်အား စီမံကိန်းတွေကိုပါ မျောပါသွားစေခဲ့ကာ ရွာတွေကိုလည်း ရေလွှမ်းမိုးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ အရေအတွက် လေးရာနီးပါးအထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


ခရက်ဒစ် - ရိုက်တာ


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page