လိုင်ဇာမှာတောင်ကျရေကြီးပြီး စစ်ဘေးရှောင်စခန်းတွေ ပျက်ဆီး
- BVJ

- Aug 4
- 1 min read
BVJ_ ဇူလိုင် ၄၊ ၂၀၂၅

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ဒီနေ့မနက်ပိုင်းအစောပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် တောင်ကျချောင်းရေနဲ့ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
လိုင်ဇာမြို့နဲ့ တရုတ်နယ်စပ်မှာရှိတဲ့ မုန်လိုင်ချောင်းဟာ ဒီနေ့ သြဂုတ် ၄ရက် မနက် ၁နာရီခန့်မှာရေစတင်ကြီးပြီး ဂျယ်ယန်း စစ်ဘေးရှောင်စခန်း၊ ဂျာထူကောင်ရွာ၊ ဖူလွန်ယမ် စစ်ဘေးရှောင်စခန်းနဲ့ မုန်းဆန်ယန်ရွာတို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေဆီကသိရပါတယ်။


လက်ရှိမှာရေကြီးမှုကြောင့် မီးတိုင်တွေလဲကျကာမီးပျက်နေသလို စစ်ရှောင်စခန်းအပျက်အဆီးနဲ့ပျောက်ဆုံး သေဆုံးမှုတွေရှိနေတယ်လို့လည်းသိရပြီး အသေးစိတ်အခြေအနေကို Burma VJက စုံစမ်းနေဆဲဖြစ်ပါတယ်။
ပုံစာ-ရေကြီးမှုကြောင့် ဖူလွန်ယန် စစ်ရှောင်စခန်းကအိမ်တွေပျက်စီးနေပုံ(ဓါတ်ပုံ-ဒေသခံပေးပို့)







Comments