တရုတ်ရဲ့စစ်ရေးဖိအားကိုတုန့်ပြန်နိုင်ဖို့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့ ထိုင်ဝမ်ကြိုးစားနေ
- BVJ

- 1 hour ago
- 1 min read
သူရ/BVJ_ သြဂုတ် ၁၇၊ ၂၀၂၆

တရုတ်ရဲ့ စစ်ရေးဖိအားတွေတိုးမြှင့်လာတာကို ရင်ဆိုင်နေရတဲ့ထိုင်ဝမ်က ၂၀၂၇ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ကြိုးပမ်းနေပါတယ်။
၂၀၂၇ ခုနှစ်မှာ စစ်ရေးဘတ်ဂျက်တိုးမြှင့်ဖို့ ထိုင်ဝမ်အစိုးရရည်မှန်းထားတဲ့ပမာဏဟာ ထိုင်ဝမ်ဒေါ်လာ (၁) ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၁.၄၀ ဘီလီယံ)ထိရှိလာမယ်လို့ သမ္မတ လိုင်ချင်သေ (Lai Ching-te)က တနင်္လာနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်အနေနဲ့ နိုင်ငံရဲ့ ခုခံကာကွယ်ရေးကို ပိုမိုအားကောင်းလာစေဖို့ အခိုင်အမာဆုံးဖြတ်ထားပြီး နောင်နှစ်မှာစစ်အသုံးစရိတ်တွေကို စံချိန်တင်တိုးမြှင့်သွားဖို့အစီအစဉ်ရှိတယ်လို့ သမ္မတ လိုင်ချင်သေက တနင်္လာနေ့မှာပြောခဲ့ပါတယ်။ ဒါ့အပြင် သူ့အစိုးရရဲ့စစ်ရေးဘတ်ဂျက်အဆိုပြုချက်ဟာ ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူ့ရဲ့ အခုလိုကြေညာချက်ဟာ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ထိုင်ဝမ်ကို သူတို့ရဲ့နယ်မြေအဖြစ်သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ဖိအားပေးမှုတွေကြားမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ ထိုင်ဝမ်ရဲ့ တုံ့ပြန်ချက်တွေကို ပြင်းပြင်းထန်ထန်ငြင်းဆိုထားပြီး နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာဖိအားတွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တစိုက်မတ်မတ်မြှင့်တင်လာခဲ့တာပါ။
နောင်နှစ် ဘတ်ဂျက်နဲ့ပတ်သက်လို့ သမ္မတရုံးကထုတ်ပြန်ခဲ့တဲ့ မိန့်ခွန်းမှတ်တမ်းအရ ၂၀၂၇ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ဟာ ထိုင်ဝမ်ဒေါ်လာ ၁.၁၂၂၅ ထရီလီယံအထိရောက်ရှိလာမှာဖြစ်ပြီး စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၃ ရာခိုင်နှုန်းထက်ကျော်လွန်သွားမယ်လို့ ဆိုပါတယ်။
"ဒါဟာ ကိုယ့်ရဲ့ကိုယ်ပိုင် ကာကွယ်ရေးစွမ်းရည်တွေကို အားကောင်းစေဖို့ တိုင်ဝမ်ရဲ့ ဆုံးဖြတ်ချက် ကို ပြသနေတာပါ" လို့ သူက ပြောပါတယ်။ "ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံတာပါပဲ။ တိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် ပိုမိုခိုင်မာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်လက် တည်ဆောက်သွားမှာပါ" လို့လည်း လိုင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ စစ်ရေး ဖိအားပေး
ထိုင်ဝမ်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာနဲ့အမျှ ကိုယ်တိုင် ထုတ်လုပ်တဲ့ ရေငုပ်သင်္ဘောတွေ တည်ဆောက်တာအပါအဝင် စစ်ရေးခေတ်မီစေရေးကို အဓိက မူဝါဒတစ်ခုအဖြစ် လုပ်ဆောင်နေပြီး ကာကွယ်ရေးအတွက် အသုံးစရိတ်တွေကို ပိုမိုသုံးစွဲသွားမယ်လို့ အကြိမ်ကြိမ် ကတိပြုထားပါတယ်။
တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ပတ်လည် ပင်လယ်ပြင်နဲ့ ဝန်ပြင်တွေမှာ နေ့စဉ်နီးပါး လှုပ်ရှားနေပြီး ပေကျင်းကလည်း ထိုင်ဝမ်ရဲ့ ပစိဖိတ်သမုဒ္ဒရာဘက်အခြမ်း အရှေ့ဘက်ကမ်းရိုးတန်းမှာ ကမ်းခြေစောင့် "ဥပဒေစိုးမိုးရေး" ကင်းလှည့်မှုတွေလိုမျိုး နည်းဗျူဟာအသစ်တွေကိုပါ ကျင့်သုံးလာနေပါတယ်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ (Think-tank) တစ်ခုဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးသုတေသနဌာနမှ လက်ထောက်သုတေသနပညာရှင် ဝီလျံချန်း (William Chung) က တရုတ်ရဲ့ အရှေ့ကမ်းရိုးတန်း လှုပ်ရှားမှုတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးဖို့ သက်သက်သာမက တိုက်ခိုက်ရေး လေ့ကျင့်မှုနဲ့ ထောက်လှမ်းရေး အချက်အလက် စုဆောင်းမှုတွေအတွက်ပါ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်မှာ တကယ်တမ်း တိုက်ပွဲတွေ ဖြစ်လာခဲ့မယ်ဆိုရင် တိုင်ဝမ်ရဲ့ အရှေ့ဘက် ပင်လယ်ရေကြောင်းဧရိယာတစ်ခုလုံးဟာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ တိုင်ဝမ်အတွက် အရေးအပါဆုံး ထွက်ပေါက်ဖြစ်လာမှာပါ" လို့ တနင်္လာနေ့ အစောပိုင်းက တိုင်ပေမှာ ပြုလုပ်တဲ့ ဖိုရမ်တစ်ခုမှာ သူက ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ရဲ့ ပင်လယ်ရေကြောင်း ပိတ်ဆို့မှုကြိုးပမ်းမှုကို ဘယ်လိုဖြိုခွဲရမလဲဆိုတဲ့ တိုက်ပွဲ အခြေအနေ အမျိုးမျိုးကို သရုပ်ဖော်ထားတဲ့ နှစ်စဉ် ဟန်ကွမ်း (Han Kuang) စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အဆိုပါ စစ်ရေးလေ့ ကျင့်မှုဟာ စစ်ပွဲစိုးရိမ်ပူပန်မှုကို လှုံ့ဆော်ပေးတဲ့ "အလဟဿ ဟန်ဆောင်မှုတစ်ခု" လို့ ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် သမ္မတ လိုင်ဟာ လအတန်ကြာ ကြန့်ကြာခဲ့ပြီးမှ ဒီနှစ်ဘတ်ဂျက်ကို သောကြာနေ့နှော င်းပိုင်းမှသာ တင်ပြနိုင်ခဲ့တာဖြစ်ပြီး တိုင်ဝမ်ရဲ့ အတိုက်အခံလွှမ်းမိုးရာ လွှတ်တော်ရဲ့ စိန်ခေါ်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။ အဓိက အတိုက်အခံပါတီကြီး နှစ်ခုကတော့ စစ်ရေး ဘတ်ဂျက်တိုးဖို့ လုပ်နေတဲ့ ထိုင်ဝမ် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုထားကြပါတယ်။
ခရက်ဒစ် - Reuters



Comments