top of page

ကျောက်တော်ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူထဲက ကျောင်းသား ၅ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၂၃ ဦးအထိရှိလာ

  • Writer: BVJ
    BVJ
  • Sep 12
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၁၂၊ ၂၀၂၅

ree

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက သရက်တပင်ကျေးရွာကို ဗုံးကြဲခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေထဲက နောက်ထပ် ၅ ဦးထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။


ဒီနေ့ စက်တင်ဘာ ၁၂ ရက်၊ မနက်တစ်နာရီကျော်လောက်မှာ သရက်တပင်ကျေးရွာရှိ ပညာပျိုးခင်း ကိုယ်ပိုင်စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ပေါင် ၂၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပြီး ကျောင်းသူ/ကျောင်းသားနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၈ ဦးပွဲချင်းပြီးသေဆုံးခဲ့သလို ၂၀ကျော် ဒဏ်ရာရရှိခဲ့တာပါ။


လက်ရှိမှာ ဒဏ်ရာရသူထဲက ကျောင်းသားကလေး ၅ ဦးထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိလာတာလည်းဖြစ်ပါတယ်။

ree

ကျောက်တော်မြို့နယ်ဟာ အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ၁၄မြို့နယ်ထဲမှာပါဝင်ပြီး အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတာပါ။


ပုံစာ -ကျောက်တော်ဗုံးကြဲခံရမှုအတွင်း သေဆုံးသွားသူတွေ

ဓာတ်ပုံ-APM


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page