ISP Myanmarအင်စတီကျူ့ ဦးဆောင်သူကိုမင်းဇင် တရုတ်နိုင်ငံမှာဖမ်းဆီးခံထားရ
- BVJ

- 1 day ago
- 1 min read
အီးကေ/BVJ_ဇွန် ၁၁၊ ၂၀၂၆

Institute for strategy and policy - Myanmar( ISP Myanmar )အဖွဲ့ဦးဆောင်သူကိုမင်းဇင် တရုတ်နိုင်ငံမှာဖမ်းဆီးခံထားရတယ်လို့သတင်းရရှိပါတယ်။
တရုတ်အစိုးရက သူ့ကိုဘာကြောင့်ဖမ်းဆီးရတာလဲဆိုတဲ့အကြောင်းရင်းကို သေသေချာချာမသိရသေးပေမယ့် အနည်းဆုံးပြီးခဲ့တစ်ပတ်လောက်ကတည်းက ကွမ်ကျိုးလေဆိပ်မှာအဖမ်းခံခဲ့ရတာဖြစ်ကြောင်း ISPအဖွဲ့နဲ့နီးစပ်သူတွေကတဆင့် BVJကသိရပါတယ်။
ကိုမင်းဇင်ဟာ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေး ISP Myanmar အင်စတီကျူ့တည်ထောင်သူ အမှုဆောင်ဒါရိုက်တာဖြစ်ပါတယ်။၂၀၁၆ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ISP Myanmar အင်စတီကျူ့ဟာ စွမ်းရည်မြှင့်တင်ခြင်း၊ ခေါင်းဆောင်မှုဆိုင်ရာ ပါဝင်ဆောင်ရွက်မှု၊ ဆက်သွယ်ရေးနဲ့ပြင်ပဆက်သွယ်ရေးအစီအစဉ်တွေ၊ငြိမ်းချမ်းရေးနဲ့ တရုတ်နိုင်ငံဆိုင်ရာကိစ္စရပ်တွေကို သုတေသနပြုဖော်ပြနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ကိုမင်းဇင် တရုတ်နိုင်ငံမှာဖမ်းဆီးခံထားရတဲ့သတင်းနဲ့ပတ်သက်ပြီး ISP Myanmarအဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ ရရှိလာတဲ့နောက်ဆက်တွဲသတင်းတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။




Comments