စစ်ကောင်စီလက်နက်ကြီးကြောင့် မိသားစုလိုက်ထိမှန်ပြီး အဖေဖြစ်သူသေဆုံးကာ ဇနီးနဲ့သမီး ထိခိုက်ဒဏ်ရာရ
- BVJ
- 6 days ago
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၂၅၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ပင်ပေါ်ကျေးရွာကို မနေ့က စက်တင်ဘာလ ၂၃ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ပင်ပေါကျေးရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပင်ပေါဒေသခံဦးဆန်လွင်မှာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့သလို ဇနီးဖြစ်သူ ဒေါ်နီနီနဲ့သမီးဖြစ်သူ မဆုနဒီလွင်တို့ ထိမှန်ဒဏ်ရာရသွားတာဖြစ်တယ်လို့ TNLAထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
အလားတူ မနေ့ကလည်း ကျောက်မဲမြိုနယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင်(၂၅၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တို့ပျက်စီးသွားတယ်လို့ TNLAဘက်ဆိုထားပါတယ်။
ဒါ့အပြင် နမ့်ဆော့ကျေးရွာကိုလည်း စစ်ကောင်စီလေကြောင်းကနေပေါင် (၂၅၀)ဗုံးတစ်လုံး ကြဲချခဲ့တာကြောင့်ဒေသခံတွေ စိုက်ပျိုးထားတဲ့ပြောင်းဖူးခင်းတွေပျက်စီးသွားတယ်လို့ TNLAရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့အခုလို ပြည်သူလူထုကို ဦးတည်ပြီးတော့ လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းဗုံးကြဲတာတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရေးသတိနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေလိုက်နာဆောင်ရွက်ကြဖို့လည်း TNLAက တိုက်တွန်းထားပါတယ်။
Comments