top of page

ကျောက်မဲမြို့နယ် မာန်ဟုန်းရွာဗုံးကြဲတိုက်ခိုက်ခံရ၊ ကလေးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံး

  • Writer: BVJ
    BVJ
  • Oct 8
  • 1 min read

BVJ/ဂျိုး_အောက်တိုဘာ ၇၊ ၂၀၂၅

ree

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAထိန်းချုပ်ထားတဲ့ ရှမးပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊မိုင်းလုံမြို့၊ မန်ဟုန်းကျေးရွာကို ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင်အရပ်သား ၁၀ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ဒီနေ့ ညနေပိုင်းမှာထုတ်ပြန်ထားပါတယ်။


ဒီနေ့ အောက်တိုဘာလ ၇ရက် နေ့လယ် ၁၂နာရီကျော်လောက်မှာ စစ်ကောင်စီလေတပ်က မန်းဟုန်းကျေးရွာကို ပေါင်(၂၅၀) ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပြီး ကလေးငယ်(၁)ဦးအပါအ၀င် အရပ်သား(၁၀)ဦးသေဆုံးခဲ့ပြီး (၃)ဦးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။


သေဆုံးသွားသူတွေကတော့ အသက်(၃၇)နှစ်အရွယ် ဦးအိုက်ဆန်ကြာ၊ အသက်(၃၅)နှစ်အရွယ် ဦးစံပွင့်၊ အသက်(၂၉)နှစ်အရွယ် ဦးစိုင်းအောင်ဆာ၊ အသက်(၂၇)နှစ်အရွယ် ဦးအိုက်ထက်၊ အသက်(၄၅)နှစ်အရွယ် ဒေါ်အုန်းခင်၊ အသက်(၂၅)နှစ်အရွယ် ဒေါ်လှစိန်၊ အသက်(၃၉)နှစ်အရွယ် ဒေါ်အေးမေ၊ အသက်(၂၉)နှစ်အရွယ် ဒေါ်ခင်ပ၊ အသက်(၂၂)နှစ်အရွယ် ဒေါ်အေးတိတ်နဲ့ အသက်(၂)နှစ်အရွယ် မောင်အိုက်ဦးတို့ ဖြစ်ပါတယ်။

ree

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ စစ်ကောင်စီဟာ နမ္မတူမြို့နယ် ရက်ကွက်(၈) ‌ပုဗ္ဗာရုံဘုန်းကြီး‌ကျောင်းကိုရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀)ဗုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းတဆောင်လုံး ပျက်စီးသွားတယ်လို့TNLAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသက TNLAထိန်းချုပ်ထားတဲ့ဒေသအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေကို မြေပြင်စစ်ကြောင်းထိုးတာတွေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်တာနဲ့ လေကြောင်းဗုံးကြဲတာတွေဆက်တိုက်ရှိနေပြီး စစ်ရာဇဝတ်မှုကျူးတွေလွန်နေတယ်လို့လည်း TNLAဘက်က ပြောဆိုထားပါတယ်။


စစ်ကောင်စီအနေနဲ့ အခုလိုပြည်သူလူထုကိုဦးတည်ပြီးတော့ လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရေးသတိနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေလိုက်နာဆောင်ရွက်ကြဖို့လည်း TNLAကတိုက်တွန်းထားပါတယ်။


ဓာတ်ပုံ-TNLA


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page