ကျိုက်ထိုမြို့ ဘုန်းတော်ကြီးကျောင်းဗုံးကြဲတိုက်ခိုက်ခံရမှု သံဃာသုံးပါးပျံလွန်တော်မူ
- BVJ

- Aug 25
- 1 min read
အေတီ/BVJ _ သြဂုတ်၂၄၊ ၂၀၂၅

ဩဂုတ်လ ၂၄ ရက်နေ့ မနက် ၁၀နာရီခွဲခါနီးအချိန်မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ချမ်းမြေ့ကျေးရွာက ချမ်းမြေ့ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာသုံးပါးပျံလွန်တော်မူပြီး သံဃာငါးပါးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဗုံးက ချမ်းမြေ့ဘုန်းတော်ကြီးကျောင်းရဲ့ ဆွမ်းစားဆောင်တည့်တည့်ကျရောက်ခဲ့ပြီး၊ ဗုံးကြဲတဲ့အချိန်က ကျောင်းရှိသံဃာတွေဆွမ်းစားပြီး ပစ္စည်းတွေသိမ်းနေတဲ့အချိန်ဖြစ်ပါတယ်။
ဆွမ်းစားကျောင်းဆောင်ဆောင်တည့်တည့်ပေါ် ဗုံးကျတာကြောင့် သံဃာတွေသေဆုံးဒဏ်ရာရတဲ့အပြင် ဆွမ်းစားကျောင်းဆောင်လည်း လုံးဝပျက်စီးသွားတယ်လို့ ဒေသခံတွေကအတည်ပြုပါတယ်။

ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာကိုလည်း စစ်ကောင်စီတပ်က ဩဂုတ်လ ၉ ရက် မနက် ၉ နာရီ၁၉ မိနစ်အချိန် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာရှိပါတယ်။
အဲ့ဒီဖြစ်စဥ်မှာလည်း သက်ကြီးပိုင်းအရပ်သားတစ်ဦး သေဆုံးကာ အမျိုးသားငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံခရက်ဒစ်- Nay P Latt







Comments