top of page

မင်းကွန်းဒေသရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာတပ်စွဲထားတဲ့စစ်အုပ်စုကို အလစ်ဝင်တိုက်ရာကနေ သေနတ် ၆လက် ရရှိ

  • Writer: BVJ
    BVJ
  • Jul 1, 2025
  • 1 min read

BVJ/ယူဂရင်း_ ဇူလိုင် ၁၊ ၂၀၂၅

မင်းကွန်းဒေသရှိ နဂါးပတ်တောင်ကျောင်းတိုက်ကို တိုက်ခိုက်အပြီးမြင်တွေ့ရပုံ(ဓါတ်ပုံ-ယူနီကွန်းပျောက်ကြားတပ်ဖွဲ့)
မင်းကွန်းဒေသရှိ နဂါးပတ်တောင်ကျောင်းတိုက်ကို တိုက်ခိုက်အပြီးမြင်တွေ့ရပုံ(ဓါတ်ပုံ-ယူနီကွန်းပျောက်ကြားတပ်ဖွဲ့)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို အလစ်ဝင်တိုက်ရာကနေ စစ်ကောင်စီတပ်သားလေးယောက်သေဆုံးပြီး မောင်းပြန်ရိုင်ဖယ် ၆ လက်ရရှိခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေက ဒီနေ့ ဇူလိုင်၁ရက်မှာ ထုတ်ပြန်ပါတယ်။


နဂါးပတ်တောင်ကျောင်းတိုက်မှာ စစ်ကောင်စီက တပ်စွဲထားတာကြောင့် ဇွန်လ ၂၇ရက် ညနေသုံးနာရီခန့်မှာ အလစ်ဝင်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။


“၂၇ရက်နေ့ တရက်ထဲအဲ့ဒီတောင်ကုန်းကို တိုက်ခဲ့တာပါ။ အောင်မြင်စွာတိုက်ခိုက်ပြီး ချက်ချင်းပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ဘက်တစ်ဦးပဲ မစိုးရိမ်ရဒဏ်ရာရခဲ့တယ်။ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဗျ။ ဘုန်းကြီးတွေမရှိဘူး။ သူတို့ပဲ တပ်စွဲပြီးအထိုင်ချထားပါတယ်” လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်တဲ့ No More Dictatorship People Defence Force NMDတပ်ဖွဲ့ တာဝန်ခံ နဂါးကြီး(ခ)ချာလီက Burma VJကို ပြောပါတယ်။


ဒါ့အပြင် စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်အပြီးမှာ မင်းကွန်းတောင်ရွာ တရွာလုံးနီးပါးကို စစ်ကောင်စီဘက်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။


စခန်းကုန်းတိုက်ခိုက်မှုအတွင်းမှာတော့ သုံ့ပန်း ၄ယောက်၊ စစ်အုပ်စုဘက်ကသေဆုံးသူ လေးယောက်နဲ့ G3 လေးလက် Ma1 နှစ်လက် ခဲယမ်းပစ္စည်းတွေနဲ့ စခန်းကုန်းတခုလုံးကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့် ဘုန်းကြီးကျောင်းဖြစ်လို့ မီးရှို့ရှင်းလင်းမှုမလုပ်ခဲ့ဘူးလို့ တိုက်ခိုက်ခဲ့တဲ့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က လည်း ထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် မင်းကွန်းရဲစခန်းကနေ စစ်ကူတွေထွက်လာသလို တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က ရွာတွေထဲစစ်ကြောင်းထိုးတာမျိုးရှိနေတယ်လို့ သိရပါတယ်။


ဒီတိုက်ခိုက်မှုကို No More Dictatorship People Defence Force NMD နဲ့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


ဒေသတွင်းတပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေအတွက် ရှေ့တန်းထွက်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်တွေရှိနေပြီး ဒီအတွက်တော်လှန်ပြည်သူတွေအနေနဲ့ တတ်အားသရွေ့ ပါဝင်ကူညီပေးဖို့ကိုလည်း No More Dictatorship People Defence Force NMDတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page