တော်လှန်ရေးအောင်မြင်ဖို့ စစ်ရေး၊နိုင်ငံရေး ပိုမိုပူးပေါင်းနိုင်ရေး KPICTနဲ့ CRPH ဆွေးနွေး
- BVJ

- Aug 1
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၁၊ ၂၀၂၅

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHနဲ့ ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့-KPICTတို့ မနေ့က ဇူလိုင် ၃၁ရက်မှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တွေ့ဆုံမှုမှာ နှစ်ဖက်လက်ရှိအခြေအနေတွေနဲ့ တော်လှန်ရေးအောင်မြင်စေဖို့ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေနဲ့စပ်လျဉ်းပြီး ပိုမိုပူးပေါင်း ဆောင်ရွက်သွားသင့်တဲ့လုပ်ငန်းစဥ်တွေ၊ အနာဂတ်မှာ ချိတ်ဆက်လုပ်ဆောင်သွားနိုင်မယ့်လုပ်ငန်းစဥ်တွေအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြ တယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီဆွေးနွေးမှုကို KPICTဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တို့ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
KPICTနဲ့ CRPHအွန်လိုင်းကနေ ဆွေးနွေးနေပုံ(ဓါတ်ပုံ-CRPH)







Comments