top of page

ကျောက်ဖြူလေကြောင်းဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရထားသူအဘွားအိုတစ်ဦး ထပ်မံသေဆုံး

  • Writer: BVJ
    BVJ
  • Jan 20
  • 1 min read

BVJ/ဂျိုး_ဇန်နဝါရီ ၂၀၊ ၂၀၂၆

ကျောက်ဖြူ၊ ကျောက်ကလေးကျေးရွာကိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသူ‌ဒေါ်အောင်မြနု
ကျောက်ဖြူ၊ ကျောက်ကလေးကျေးရွာကိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသူ‌ဒေါ်အောင်မြနု

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်းက ကျောက်ကလေကျေးရွာတွေကို စစ်အုပ်စုက အခုလ ဇန်နဝါရီလ ၁၈ရက်ကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ်နှစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားသူထဲကတစ်ဦးဖြစ်တဲ့ အသက် ၉၅နှစ်အရွယ် ဒေါ်အောင်မြနုဟာ ဆေးကုသမှုခံယူနေချိန်အတွင်း မနေ့က မနက်ပိုင်းမှာထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ ၃ ဦး အထိ ရှိလာနေတာပါ။

ဒေါ်အောင်မြနုဟာ ကျောက်ဖြူမြိုနယ်၊ ရေနံတောင်ကျေးရွာကနေ ကျောက်ကလေကျေးရွာကို စစ်ဘေးရှောင်လာတဲ့စစ်ဘေးဒုက္ခသည်တစ်ဦးလည်း ဖြစ်ပါတယ်။

ကျောက်ဖြူ၊ ကျောက်ကလေးကျေးရွာကိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသူအမျိုးသမီးနှစ်ဦး
ကျောက်ဖြူ၊ ကျောက်ကလေးကျေးရွာကိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသူအမျိုးသမီးနှစ်ဦး

ဒါ့အပြင် မနေ့ကလည်း ကျောက်ကလေကျေးရွာကို စစ်အုပ်စုကဒရုန်းတွေနဲ့ လာရောက်ဗုံးကြဲခဲ့ပြီး နေအိမ်တချို့ မီးလောင်ပျက်စီးသွားတာလည်းဖြစ်ပါတယ်။ အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောက်ကလေးကျေးရွာမှာနေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေအပြင် ရွာခံတွေပါဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။


စစ်အုပ်စုနဲ့ အာရက္ခတပ်တော်-AAကြားတိုက်ပွဲတွေရှိနေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာတော်တော်များများကို စစ်အုပ်စု လေကြောင်းဗုံးကြဲတာတွေ၊ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုရှိနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ဒါ့အပြင် သိန်းနဲ့ချီတဲ့ ကျောက်ဖြူဒေသခံတွေဟာလည်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရာအတည်တကျမရှိထွက်ပြေးနေကြရသလို စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောဆိုထားကြပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page