ကျောက်ဖြူဗုံးကြဲခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၉ ဦးအထိရှိလာ
- BVJ

- Dec 16, 2025
- 1 min read
BVJ/ဂျိုး_ ဒီဇင်ဘာ ၁၆၊ ၂၀၂၅

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြိုနယ် ၊ င/ လုံးစု အထက်ရွာနဲ့အောက်ရွာကို စစ်အုပ်စုက အခုလ ဒီဇင်ဘာ ၁၁ရက်နေ့ညနေပိုင်းမှာ လေကြောင်းကနေ ပေါင်း ၅၀၀ဗုံးနှစ်လုံးကြဲခဲ့တာကြောင့် အရပ်သား ၈ ဦးပွဲချင်းပြီးသေဆုံးပြီး ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိထားတဲ့အရပ်သား ၁၆ ဦးထဲက ငလုံးစုအောက်ရွာဒေသခံ ဦးမောင်သန်းကြည် (၄၁ နှစ်)ဟာ ဆေးကုသမှုခံယူနေချိန် မနေ့ကနေ့လယ်ပိုင်းမှာသေဆုံး သွားတာဖြစ်ပြီး သေဆုံးသူ ၉ ဦးအထိရှိလာနေတယ်လို့ ရခိုင်ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Arakan Princess Mediaမှာ ဖော်ြပထားပါတယ်။
လက်ရှိကျောက်ဖြူမြို့နယ်မှာ စစ်အုပ်နဲ့ အာရက္ခတပ်တော်-AAကြား မြေပြင်တိုက်ပွဲတွေဖြစ်ပွား နေတာရှိသလို စစ်အုပ်စုလေကြောင်းဗုံးကြဲတာတွေရေတပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း ကျောက်ဖြူတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ AAနှစ်ဘက်စလုံးက တစုံတရာထုတ်ပြန်ပြောဆိုတမျိုး မတွေ့ရသေးပါဘူး။
ရခိုင်ပြည်နယ်က မြို့နယ် သုံးခုကိုသ ထိန်းချုပ်ထားနိုင်တဲ့စစ်အုပ်စုဘက်ကတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးဒဏ်ရာရတာတွေလည်း တိုးလာနေတာပါ။
ဒီဇင်ဘာလ ၁၀ရက်နေ့ကလည်း မြောက်ဦးဆေးရုံကိုစစ်အုပ်စုကဗုံးကြဲခဲ့ကြောင့် အရပ်သား ၃၃ ဦးသေဆုံးပြီး ၈၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပေါ်မှာလည်း ပြည်တွင်းပြည်ပကလူ့အခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံတကာအကြီးအကဲတွေက ပြင်းပြင်းထန်ထန်ရှုတ်ချထားကြပါတယ်။







Comments