ရွေးကောက်ပွဲတကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးခံရ
- BVJ

- 11 hours ago
- 1 min read
အေတီ/BVJ_ဇန်နဝါရီ ၁၂၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုရဲ့ရွေးကောက်ပွဲကို လက်မခံဆန့်ကျင်ကြောင်း မြိုတော်ခန်းမရှေ့ တကိုယ်တော်ဆန္ဒပြသူလူငယ်တစ်ဦးဟာ စစ်အုပ်စုကဖမ်းဆီးတာကိုခံထားရပါတယ်။
ရွေးကောက်ပွဲအပိုင်း-၂ကျင်းပနေတဲ့အချိန် ဇန်နဝါရီ၁၁ရက် မနက်၉နာရီခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အသက်၂၁နှစ်အရွယ် ကိုမင်းထက်ဆိုသူလူငယ်တစ်ဦးက တကိုယ်တော်ဆန္ဒပြမှုကြောင့်ဖမ်းဆီးခံထားရကြောင်းကို Rangoon Scout Networkက သတင်းထုတ်ပြန်ထားပါတယ်။
'Reject the Illegal election'ဆိုတဲ့စာသားကိုင်ဆောင်ဆန္ဒပြခဲ့တဲ့ ကိုမင်းထက်ဟာ တာမွေမြို့နယ်၊နတ်မောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးလို့သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲဆန့်ကျင်တဲ့သူတွေဆက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်နေပြီး ဒီဇင်ဘာ၂၃ရက်နေ့က ဒီဇင်ဘာ၂၇ရက်နေ့အထိ ရန်ကုန်တိုင်းက ၇ ဦးကိုဖမ်းဆီးထားကြောင်း ဇန်နဝါရီ၁ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲဆန့်ကျင်မှုနဲ့ ရန်ကုန်တိုင်းအတွင်း ဒီဇင်ဘာ၂၃ရက်နေ့ကနေ ဒီဇင်ဘာ၂၇ရက်နေ့အထိ စစ်အုပ်စုက ဖမ်းဆီးထားသူ ၇ ဦးကတော့ (၁)၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာဖမ်းဆီးခံရတဲ့ တောင်ဥက္ကလာမြို့နယ် ၇ ရပ်ကွက်က ဦးမျိုးသူရ၊ (၂) ဒီဇင်ဘာလ ၂၅ ရက်နေ့မှာဖမ်းဆီးခံရတဲ့ ကျောက်တံတားမြိုနယ် ၉ ရပ်ကွက်က ဦးဇော်မင်းသိန်း(ခ) မိုဟာမက်အဗ္ဗူကာဒရ်၊ (၃) ဒီဇင်ဘာလ၂၆ရက်နေ့မှာဖမ်းဆီးခံရတဲ့ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်က ဦးဆန်းဝင်း၊ (၄) မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက်နေ ဒေါ်မြပုန်းညက်ဖြူ၊ (၅) လှိုင်သာယာမြို့နယ် ၁၂ ရပ်ကွက်နေ မနန္ဒာဦး၊ (၆) ဒီဇင်ဘာလ ၂၇ ရက်နေ့မှာဖမ်းဆီးခံရတဲ့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရပ်ကွက်နေ ဦးပိုင်စိုး(ခ)သားပု၊ (၇)ရွှေပြည်သာမြို့နယ်၊ ၁၂ ရပ်ကွက်နေ ကိုသတိုးအောင်တို့ ဖြစ်ပါတယ်။







Comments