ဒါရိုက်တာမိုက်တီးအပါအဝင် အနုပညာရှင်သုံးဦး ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှုနဲ့ ဖမ်းဆီးခံရ
- BVJ

- Oct 30
- 1 min read
အီးကေ/BVJ_အောက်တိုဘာ ၂၉၊ ၂၀၂၅

ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ အာဏာသိမ်းစစ်အုပ်စုက မနေ့ကဖမ်းဆီးခဲ့ပါတယ်။
ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ ရုပ်ရှင်မှာပါဝင်တဲ့သရုပ်ဆောင်တွေကိုဝေဖန်ရေးသားမှုနဲ့ ဒါရိုက်တာမိုက်တီးတို့သုံးဦးကို ဖမ်းဆီးခဲ့တာပါ။

ဒါရိုက်တာမိုက်တီးဟာ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုဒ်မ ၅၀၅ - က နဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ခံဝန်လက်မှတ်နဲ့ပြန်လွှတ်ပေးခဲ့တဲ့သူဖြစ်တဲ့အတွက် လက်ရှိဖမ်းဆီးခံရတဲ့အမှုအပြင်၊ ပြီးခဲ့တဲ့အမှုက ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်ကိုပါတပါတည်း ပူပေါင်းကျခံရမှာဖြစ်ကြောင်း၊ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ္ဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း ရွေးကောက်ပွဲကာကွယ်တားဆီးရေးဥပဒေနဲ့ အရေးယူမယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်ဖြစ်တဲ့ ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများရုပ်ရှင်ထဲက သရုပ်ဆောင် နေတိုး၊ မြင့်မြတ်၊ နေဝင်းနဲ့ အေးချမ်းမောင်တို့အပါအဝင် သရုပ်ဆောင်မင်းသမီးတွေဖြစ်တဲ့ မေမြင့်မိုရ်နဲ့ ခြူးလေးတို့ဟာ စစ်အုပ်စုရွေးကောက်ပွဲအတွက် ဝါဒဖြန့်ချီပေးတာကြောင့် ဝေဖန်တိုက်ခိုက်ခံမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။







Comments