top of page

KNLAပူး‌ပေါင်းတပ်ဆီမှာဆုံးရှုံးထားတဲ့ ထမင်းမစားရွာကတပ်စခန်းပြန်ရရေး စစ်အုပ်စုပြန်တိုက်ပေမယ့် သေဆုံးသူများပြား

  • Writer: BVJ
    BVJ
  • Sep 11
  • 1 min read

ယူဂရင်း/BVJ_ စက်တင်ဘာ ၁၁၊ ၂၀၂၅

ree

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်အတွင်းက ထမင်းမစားရွာအတွင်း တပ်စွဲထားတဲ့စစ်အုပ်စုစခန်းကို KNLAနဲ့ပူးပေါင်းတပ်တွေက အခုလ စက်တင်ဘာ၈ရက် မနက် ၇နာရီအချိန်မှာ သိမ်းယူခဲ့ပါတယ်။

 

အဲ့ဒီသိမ်းယူအပြီး နောက်တစ်ရက် စက်တင်ဘာ ၉ရက်မှာ အဲ့ဒီစခန်းပြန်ရရေးအတွက် စစ်အုပ်စုကစစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနဲ့ KNDO ဦးဆောင်မှုအောက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲ့ဒီတိုက်ပွဲအတွင်း စစ်အုပ်စုဘက်ကပြည်သူ့စစ်တွေအပါအဝင် (၁၅)ဦးထက်မနည်းသေဆုံးပြီး နောက်တစ်ရက် စက်တင်ဘာ ၁၀ရက်မှာ စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ KNUက ဒီနေ့ နေ့လယ်မှာ အသိပေးထုတ်ပြန်ပါတယ်။

 

KNLAနဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထမင်းမစားရွာကတပ်စခန်းဟာ ခလရ(၂၈၀)တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်စုစုပေါင်း (၄၀)ကျော် တပ်စွဲထားတဲ့တပ်စခန်းဖြစ်ပါတယ်။

 

ပုံစာ- KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှေ့တန်းတိုက်ပွဲပုံ။(ဓါတ်ပုံ-KNU)

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page