top of page

တပ်မဟာ(၆)နယ်မြေအတွင်းက ကနဲလေး စစ်ကောင်စီတပ်စခန်းကုန်းကို ပူးပေါင်းတပ်တွေသိမ်းယူ

  • Writer: BVJ
    BVJ
  • May 29
  • 1 min read

BVJ/ယူဂရင်း_ မေ ၂၉၊ ၂၀၂၅


ကနဲလေးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များသိမ်းပိုက်ပြီး သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ
ကနဲလေးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များသိမ်းပိုက်ပြီး သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေးတပ်စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ KNLA ၊PDF ပူးပေါင်းတပ်တွေက မနေ့က ညပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်းသတင်းတွေ ဖော်ပြချက်အရသိရပါတယ်။


ကနဲလေးစခန်းကို အခုလ ၂၇ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး နောက်တရက် မေ ၂၈ ရက် ညနေ ခြောက်နာရီကျော်အချိန်မှာ စခန်းကိုသိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ KNLAတပ်ရင်း ၂၀၁တပ်မှူးက Karen Information Centerကို အတည်ပြုထားတာကို တွေ့ရပါတယ်။


စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းဟာ KNLAတပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီတောင်ဘက် ဝေါလေမြိုင် ဒေသအတွင်းမှာတည်ရှိတာဖြစ်ပြီး စခန်းသိမ်းယူမှုကို KNLA, KNDOတပ်ဖွဲ့ဝင်တွေကလည်း လူမှုကွန်ရက်(Facebook)မှာဓါတ်ပုံတွေတင်ပြီး ဖော်ပြထားကြပါတယ်။


KNLA၊ PDF ပူးပေါင်း တပ်တွေဟာ အခုလ ၂၇ ရက် မနက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီ-ဝေါလေလမ်းပိုင်းမှာရှိတဲ့ သေ့ဘောဘိုးတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး သေ့ဘော့ဘိုးစခန်းကိုစစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကိုဖမ်းမိခဲ့သလို လက်နက်တွေလည်း ရရှိခဲ့ပါတယ်။


အဲ့ဒီနောက် ၂၈ရက် ညပိုင်းမှာ ကနဲလေးတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page