KNU အဖွဲ့ထံပို့မယ့်လက်နက်ခဲယမ်းတွေ ဘန်ကောက်က ကွန်ဒိုတိုက်ခန်းမှာ သိမ်းဆည်းရမိ
- BVJ
- Apr 26
- 1 min read
BVJ/Moore _ ဧပြီ ၂၆ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လက်စီမှာရှိတဲ့ ကွန်ဒိုအိမ်ရာက တိုက်ခန်းတစ်ခုမှာ စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်းတွေကို ထိုင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ Khaosod က ဖော်ပြထားပါတယ်။
သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့မယ့်လက်နက်ခဲယမ်းတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
လက်နက်ခဲယမ်းအများအပြားကို မနေ့ ဧပြီ ၂၅ ရက်မှာ သိမ်းဆည်းရရှိခဲ့တာဖြစ်ပြီး အခန်းပိုင်ရှင်ဟာ ဧပြီ ၁၂ ရက်နေ့ကတည်းက ပြန်မလာတာဖြစ်တယ်လို့ ကွန်ဒိုအိမ်ရာ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
ကွန်ဒိုအိမ်ရာတိုက်ခန်းထဲက လက်နက်ခဲယမ်းတွေနဲ့ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ သိမ်းယူရရှိမှုဟာ ချင်းမိုင်မြို့နယ်အတွင်း ပစ်ကပ်ကားတစ်စီးပေါ်မှာ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေရဲ့ နောက်ဆက်တွဲ ကွင်းဆက်လည်းဖြစ်တယ်လို့ Khaosod က ဖော်ပြထားပါတယ်။
ချင်းမိုင်မြို့နယ်မှာ ဧပြီ ၂၃ ရက်က ပစ်ကားကားငယ်တစ်စီးပေါ်မှာ လက်နက် ၁၀ လက်၊ လောင်ချာနဲ့ ကျည်ကတ် ၁၀ တို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ပြီး ဒီလက်နက်တွေဟာ မယ်ဟောင်ဆောင်ကနေတဆင့် KNU အဖွဲ့ထံ ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၂ ဦးက ထွက်ဆိုထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ KNU အဖွဲ့အစည်းထံ ပို့ဆောင်ရမယ့်လက်နက်တွေဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပေမဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး KNU ဘက်က တစ်စုံတရာ ထုတ်ပြန်ပြောကြားတာမျိုး မရှိပါဘူး။
Comments