အဓမ္မစစ်သားစုဆောင်းခံရတဲ့တပ်သား ၄ ဦး KNLAတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံ
- BVJ

- Oct 15
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၁၄၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်ဖွဲ့ဝင်တပ် သားသစ်(၄)ဦးဟာ အခု အောက်တိုဘာလ(၅)ရက်နဲ့ ၈ရက်နေ့တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ K.N.D.O တပ်ရင်း(၇)ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNUက ဒီကနေ့ထုတ်ပြန်ပါတယ်။
လက်ရှိဘက်ပြောင်းခိုလှုံလာတဲ့တပ်သား(၄)ဦးဟာ အာဏာသိမ်းစစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီး ပြီးတော့ စစ်သားစုဆောင်းခံရသူတွေဖြစ်ပြီး လေ့ကျင့်ရေးသင်တန်းကနေထွက်ပြေးကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄), K N.D.O တပ်ရင်း(၇)ဆီကို လက်နက်မဲ့အလင်းဝင်လာတာဖြစ်တယ်လို့လည်း KUNကဆိုထားပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်အတွင်းကတပ်သားတွေအနေနဲ့လည်း မိမိတို့နဲ့နီးစပ်ရာတော်လှန်ရေးတပ်တွေဆီကို ရရာနည်းနဲ့ လက်နက်ချအလင်းဝင်ပူးပေါင်းကြဖို့လည်း ကရင်အမျိုးသားအစည်းအရုံး-KNUက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ K.N.D.O တပ်ရင်း(၇)၊ ထံသို့ ထပ်မံဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား(၄)ဦး။







Comments