top of page

ကော့ကရိတ်မြို့နယ်က စစ်ကောင်စီဘလယ်ဒိုစခန်းကို KNLA ပူပေါင်းတပ်တွေ သိမ်းယူ

  • Writer: BVJ
    BVJ
  • May 23
  • 1 min read

BVJ/ထက်အောင် _ မေ ၂၃၊ ၂၀၂၅

ree

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဘလယ်ဒိုကျေးရွာအနီးက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို ဒီနေ့ မေလ ၂၃ ရက် ညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။


KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲက ဘလယ်ဒိုစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားရေးကာကွယ်ရေးအဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်အနီးမှာရှိတဲ့ ဘလယ်ဒိုတပ်စခန်းကို အခု မေလ ၂၁ ရက်နေ့ကတည်းက KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူပေး ခုခံတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျှောက် လုံခြုံရေးတင်းကြပ်စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။


စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို ထိုးစစ်ဆင်လုပ်ဆောင်မှုနဲ့အတူ မြို့ဝတီမြို့တောင်ဘက်မှာရှိတဲ့ ဝေါလေဗျူဟာကုန်း၊ သေ့ဘောဘိုး၊ ဘလယ်ဒို၊ ကနဲလေးနဲ့ မော်ခီးစခန်းတွေကိုလည်း KNLA ပူးပေါင်းတပ်တွေ တပြိုင်တည်းထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကလည်း လှိုင်းဘွဲ့မြို့နယ် မယ်လရွာအနီးမှာရှိတဲ့ မော်ကွီးလူစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့သလို မေလ ၁၃ ရက်လည်း တာလယ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page