ဆောင်းပြောင်းတိုက်ပွဲအတွင်း KNDFတပ်ရင်း ၂၉၊ တပ်ခွဲ(၁)စစ်ကြောင်းမှူးနဲ့ ဒုတပ်ခွဲမှူး ကျဆုံးခဲ့
- BVJ

- Jun 2
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၂၊ ၂၀၂၅

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာ ရှေ့တန်းတိုက်ပွဲအတွင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်း ၂၉၊ တပ်ခွဲ(၁)ရဲ့ စစ်ကြောင်းမှူးနဲ့ ဒုတပ်ခွဲမှူးတို့ ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကြောင်းမှူး ရဲဘော် ရဲနိုင်(ခ)ဂျော်ကာ(၃၂ နှစ်)နဲ့ ဒုတပ်ခွဲမှူး မင်းထက်နိုင်(ခ)အရိုး (၃၂ နှစ်)တို့ဟာ မေလ ၂၄ရက် တိုက်ပွဲအတွင်း ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
ဆောင်းပြောင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့PNOပြည်သူ့စစ် တပ်စခန်းတွေကို ကရင်နီအခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်တွေက မေ ၁၇ရက်ကနေ ၂၆ရက်အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းကုန်းမကျစေရေး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ စစ်ကူပေးခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဲ့ဒီနောက် စခန်းကုန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေရရှိခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်းရဲဘော်တွေ ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့ကြောင်း ဖယ်ခုံPDFက မေ ၃၀ရက်မှာ ထုတ်ပြန်ထားပါတယ်။











Comments