top of page

ဒီးမော့ဆိုမှာတိုက်ပွဲပြင်းထန်နေတယ်လို့ ကယန်းတပ်အသိပေး

  • Writer: BVJ
    BVJ
  • Sep 3
  • 1 min read

BVJ/ဇော် - စက်တင်ဘာ ၃ ၊ ၂၀၂၅

ree

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာဖို့ ကယန်းအမျိုးသားတပ်မတော် (KNA) က ဒီနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီတပ်အနေနဲ့ အင်အားအလွန်အကျွံသုံးကာ ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေက ပြန်လည်ခုခံနေရတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ပြည်သူတွေသွားလာတာဂရုစိုက်ကြဖို့ ထပ်မံအသိပေးလာတာပါ။

 

တိုက်ပွဲဇုံအတွင်းစစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူတွေပျောက်ဆုံးသတ်ဖြတ်ခံရမှုတွေကို တွေ့ရှိနေရတာကြောင့် ဖြတ်သန်းသွားလာတာနေထိုင်တာတွေမလုပ်ဖို့ကိုလည်း အခု စက်တင်ဘာလ ၁ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပါသေးတယ်။

 

တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ဧရိယာအတွင်းကို ပြည်သူတွေအနေနဲ့အရေးကြီးဖြတ်သန်းသွားလာရမယ်ဆိုရင် နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေကို ချိတ်ဆက်အကူအညီတောင်းပြီးမှသာ သွားလာကြဖို့လည်း ပြောထားပါသေးတယ်။

 

တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုကိုပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း စစ်အုပ်စုက ပြီးခဲ့တဲ့သြဂုတ်လလယ်ကကြေညာခဲ့ပေမယ့် စစ်တပ်ပြန်ထိန်းချုပ်တယ်လို့ကြေညာတဲ့နေရာတွေဟာ တိုက်ပွဲတွေစဖြစ်ကထဲက လူနေထိုင်မှုမရှိတဲ့နေရာတွေဖြစ်တယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက ပြောထားကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page