top of page

KK park မှာကျားဖြန့်လုပ်ခဲ့သူ အင်ဒိုးနီးရှားနိုင်ငံသား ၁၇ ဦးကို စစ်ကောင်စီဖမ်းဆီး 

  • Writer: BVJ
    BVJ
  • Sep 19
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၁၉၊ ၂၀၂၅

ရှမ်းမြောက်၊လောက်ကိုင်ဒေသက ကျားဖျန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းရဲ့ အဓိကခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ ၁၀ဦးကို စစ်ကောင်စီကတရုတ်ဆီကို ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာလွှဲပြောင်းပေးနေပုံ။(ဓါတ်ပုံ-CINCDS)
ရှမ်းမြောက်၊လောက်ကိုင်ဒေသက ကျားဖျန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းရဲ့ အဓိကခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ ၁၀ဦးကို စစ်ကောင်စီကတရုတ်ဆီကို ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာလွှဲပြောင်းပေးနေပုံ။(ဓါတ်ပုံ-CINCDS)

မြန်မာနိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော်တရားမဝင်,ဝင်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို စစ်ကောင်စီက မနေ့က စက်တင်ဘာ ၁၈ရက်မှာဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။

 

ဖမ်းဆီးရမိသူတွေဟာ အိမ်နီးချင်းနိုင်ငံတချို့ကိုတစ်ဆင့်ခံဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင်, ဝင်လာတာဖြစ်ပြီး သူတို့တွေဟာ ကရင်ပြည်နယ်၊မြဝတီမြို - မဲ့ထော်သလေး (KK Park) နယ်မြေအတွင်း အွန်လိုင်းလောင်းကစားတွေနဲ့ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့လည်းဖော်ပြပါတယ်။

 

လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ဦးကို ပြန်ပို့နိုင်ရေးအတွက် ကိုယ်ရေးအချက်အလက်တွေနဲ့မှတ်တမ်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ကောက်ယူနေတယ်လို့ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ  ၃၀ ရက်ကစပြီး စက်တင်ဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင်,ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၉၄၀၄ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့သလို အဲဒီထဲက ၉၃၀၅ ဦးကို ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ စစ်ကောင်စီဖမ်းဆီးထားတဲ့ ပြည်ပနိုင်ငံသား ၉၉ ဦးအထိ ကျန်ရှိနေပြီး သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ရှိတယ်လို့လည်းဆိုထားပါတယ်။

 

စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသတွေမှာဖြစ်ပွားနေတဲ့ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက်ကာကွယ်တားဆီးတိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုထားပေမယ့် နိုင်ငံတွင်းအွန်လိုင်းလိမ်လည်မှုတွေဟာ ပပျောက်မသွားဘဲ ပုံစံအမျိုးမျိုးနဲ့ဆက်လက်တည်ရှိနေပါတယ်။


 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page