top of page

စစ်တပ်ကဆွေးနွေးဖို့ကမ်းလှမ်းလာဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

  • Writer: BVJ
    BVJ
  • 55 minutes ago
  • 1 min read

ယူဂရင်း/BVJ_ သြဂုတ် ၁၁၊ ၂၀၂၅

NUGဝန်ကြီးဒေါက်တာဇော်ဝေစိုးနဲ့KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တွေ့ဆုံခဲ့ပုံ။(ဓါတ်ပုံ-Zae Wai Soe Facebook)
NUGဝန်ကြီးဒေါက်တာဇော်ဝေစိုးနဲ့KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တွေ့ဆုံခဲ့ပုံ။(ဓါတ်ပုံ-Zae Wai Soe Facebook)

ကချင်လွတ်မြောက်ရေးတပ်မတော်-KIOနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီဘက်က ကမ်းလှမ်းလာတယ်လို့ KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကပြောပါတယ်။


ဘီဘီစီမြန်မာပိုင်း သတင်းဌာနက ဗိုလ်ချုပ်ဂွမ်မော်ကိုမေးမြန်းထားတာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်ကနေဖော်ပြလာတာပါ။


“KIOကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG(ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့) ကို စကားအမှာပါးပါတယ်။ KIOနဲ့ အွန်လိုင်းဆွေးနွေးဖို့ အကြောင်းကြားတာဖြစ်ပါတယ်။

KIOရဲ့ သ‌ဘောထားကတော့ အွန်လိုင်းဆွေးနွေးမှုမဟုတ်ဘဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆိုရင်) မြစ်ကြီးနားမှာတွေ့ဆုံဖို့အတွက် KIOရဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပါမယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်”လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။


ဒါပေမယ့် အဲ့ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြန်အကြောင်းကြားတာမျိုး မရှိခဲ့ဘဲ ပြီးခဲ့တဲ့လပိုင်းက PCGကနေတဆင့်ထပ်မေးလာတာကြောင့် KIOရဲ့ သဘောထားဟာ အရင်အတိုင်းပဲဖြစ်ကြောင်း အကြောင်းပြန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ချင်းညီနောင်ခေါင်းဆောင်များတွေ့ဆုံနေပုံ(ဓါတ်ပုံ-ချင်းညီနောင်)
KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ချင်းညီနောင်ခေါင်းဆောင်များတွေ့ဆုံနေပုံ(ဓါတ်ပုံ-ချင်းညီနောင်)
KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ယောတပ်တော်က ခေါင်း‌ဆောင်များတွေ့ဆုံနေပုံ(ဓါတ်ပုံ-YA)
KIO/ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ယောတပ်တော်က ခေါင်း‌ဆောင်များတွေ့ဆုံနေပုံ(ဓါတ်ပုံ-YA)

ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) စစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့ KIA ခေါင်းဆောင်တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ-NUG ယာယီသမ္မတအပါအဝင် ဝန်ကြီးတွေနဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တို့ဟာ ပြီးခဲ့တဲ့လပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တွေ့ဆုံခဲ့ကြသလို ယောတပ်တော် (YA) ခေါင်းဆောင်တွေနဲ့လည်း ဗိုလ်ချုပ်ဂွမ်မော်ကတွေ့ဆုံခဲ့ကြောင်းကို တွေ့ဆုံခဲ့တဲ့တပ်ဖွဲ့တွေက ပြီးခဲ့တဲ့သီတင်းပါတ်ထဲမှာ အသီးသီးထုတ်ပြန်ထားကြပါသေးတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page