top of page

ကချင့်တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ညီနောင်သုံးဖွဲ့ ဆုတောင်းပေး

  • Writer: BVJ
    BVJ
  • Feb 6
  • 1 min read

ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၅၊ ၂၀၂၆

ဓါတ်ပုံ-3 Brotherhood Alliance
ဓါတ်ပုံ-3 Brotherhood Alliance

ကချင့်တော်လှန်ရေးအမြန်ဆုံးအောင်မြင်ပါစေလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းတပ်မတော်-PSLF/TNLA၊ ကိုးကန့်တပ်မတော်-MNTJP/MNDAAနဲ့ အာရက္ခတပ်တော်-ULA/AAတို့က ဒီနေ့ (၆၅)နှစ်မြောက်ကချင်တော်လှန်ရေးနေ့မှာ ဆုတောင်းသဝဏ်လွှာပေးပို့လိုက်ပါတယ်။


“မိမိတို့ ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများထဲမှ ကချင်တော်လှန်ရေးအဖွဲ့အစည်းသည် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေသောကာလဖြစ်ပြီး ကချင့်တော်လှန်ရေးအမြန်ဆုံးအောင်မြင်နိုင်ပါစေကြောင်း၊ KIO/KIAမှမျှော်မှန်းထားသော ရည်မှန်းချက်များနှင့် ကချင်ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေသော မျှော်လင့်ချက်များ အမြန်ဆုံးပြည့်ဝပါစေကြောင်း”ဆိုပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ သဝဏ်လွှာမှာဖော်ပြပါတယ်။


အလားတူပဲ ချင်းအမျိုးသားတပ်ဦး-CNFကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီထဲမှာ မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် ဆက်လက်ဦးဆောင်တိုက်ပွဲဝင်နေတဲ့ KIO/KIAကို ဂုဏ်ယူလေးစားကြောင်းနဲ့ ချင်းအမျိုးသားတပ်ဦးအနေနဲ့လည်း ညီရင်းအစ်ကိုဖြစ်တဲ့ ကချင်လူမျိုးနဲ့တော်လှန်တွဲလက်တွေ ပိုမိုခိုင်မြဲစေပြီး ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်တွေအောင်မြင်တဲ့အထိ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ
KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ဒီနေ့ ၆၅နှစ်ပြည့်အထိမ်းအမှတ်နေ့မှာမိန့်ခွန်းပြောခဲ့ပြီး အဲ့ဒီထဲမှာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စုစည်းမိခဲ့သလို အခုစစ်မြေပြင်မှာအောင်မြင်မှုများစွာရရှိနေပြီဖြစ်ကြောင်းနဲ့ KIO ဗဟိုကော်မတီအနေနဲ့လည်း စစ်ရေးနဲ့နိုင်ငံရေးအောင်မြင်မှုတွေရရှိဖို့အတွက် အထူးအာရုံစိုက် စနစ်တကျစီမံဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ-NUGကလည်း KIO/KIAအနေနဲ့ရှေ့တန်းကနေပြီး နွေဦးတော်လှန်ရေးမှာဦးဆောင်နေတဲ့အပေါ် အသိအမှတ်ပြုဂုဏ်ယူကြောင်းနဲ့ ပန်းတိုင်ရောက်တဲ့အထိ မဟာမိတ်ကချင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူလက်တွဲပြီး ဆုံးခန်းတိုင် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာပို့ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page